The Tinder Swindler (2022)


 

 

Rating : 7.4/10
Country :United State
Genre :Documentary,Crime,
Released Date : 2022
Duration : 1h 54min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ယနေ့ခေတ်ကမ္ဘာကြီးမှာ သမီးရည်းစားဖြစ်ဖို့၊ အပြင်မှာချိန်းတွေ့ဖို့ဆိုတာ အရင်ခေတ်ကလောက် မခက်ခဲတော့ပါဘူး။ အင်တာနက်လေးရှိရုံ၊ dating app လေးရှိရုံနဲ့ သွားတွေ့လိုက် ရည်းစားတွေဖြစ်လိုက် ဒါမှမဟုတ်လည်း တစ်ညတာ​နေလိုက်​တွေ ဖြစ်နေကြပါပြီ။ အင်တာနက်မှာ ကောင်းကျိုးတွေလည်း ရှိသလို မကောင်းတာတွေလည်း အများကြီးပါပဲ။ အဲဒီထဲကမှ လူလိမ်တွေကလည်း မှိုလိုပေါပါတယ်။

မိန်းက​လေး​တွေ ဆိုတာလည်း ကိုယ့်ချစ်သူ၊ ကိုယ်အရမ်းခင်ရသူတစ်​ယောက် ဒုက္ခ​ရောက်ပြီဆိုရင် မဆိုင်းမတွ ကူညီတတ်ကြသူ​တွေဆ်ိုတော့ အဲဒီအားနည်းချက်ကို ချနင်းမယ့် Tinder လူလိမ်ပါ။

Tinder ဆိုတဲ့ Dating App မှာ လိမ်စားနေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူ့ကိုယ်သူ သူဌေးသားဆိုပြီး ကောင်မလေးတွေ ကြွေလောက်တဲ့ ဓါတ်ပုံတွေတင်၊ စာတွေပို့ရုံတင်မက အပြင်မှာ ချိန်းတွေ့ရင်တောင် တကယ့် ဘောစိတစ်ယောက်လိုနေပါတယ်။ ကောင်မလေးတွေကလည်း ကြွေပြီး ရည်းစားတွေ၊ သူငယ်ချင်းတွေဖြစ်တော့မှ သူ့ရဲ့ ရွှေ့ကွက်တွေထဲ ​ရောက်ပါတော့တယ်။

ဒါဟာ တကယ့်အဖြစ်အပျက်ပါ။ နိုင်ငံတကာမှာလည်း ဖြစ်နေသလို ဟိုးအရင်နှစ်တွေတုန်းကဆို မြန်မာနိုင်ငံမှာလည်း ပိုင်းလော့ယောင်ဆောင်တဲ့သူတစ်ယောက် ပေါ်လာတာကို မှတ်မိကြပါလိမ့်မယ်။ ပုံတွေအကုန်လုံးက အစစ်တွေချည်းပါပဲ။ ဒါပေမဲ့လည်း မိန်းကလေးတွေကို ဦးတည်တဲ့ ငွေလိမ်သူတစ်ယောက်​ပေါ့။ Tinder Swindler မှာ ​လောကကြီးရဲ့ မတရားမှု​တွေကိုပါ ​တွေ့မြင်ရမှာပါ အဲဒီလူရဲ့ သားကောင်ဖြစ်ခဲ့သူတွေရဲ့ ရင်ဖွင့်သံတွေ၊ သူ့ရဲ့ အကြောင်းတွေ၊ သူ့ရဲ့ အကွက်တွေအပြင် Tinder ရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေပါ မှတ်မှတ်သားရမှာဆိုတော့ အချောအလှ၊ ချမ်းသာမှုတွေကြား အလိမ်အညာမမိအောင်နဲ့ အချစ်ကို ဘယ်လို ခေတ်မှီမှီရှာရမလဲသိချင်ရင်တော့ Tinder Swindler ကြည့်ပြီး စနည်းနာကြပါလို့ ညွှန်းဆိုလိုက်ပါရစေ…

 

0 comments:

Post a Comment