Country :United State
Duration : 1h 32min
အညွှန်း
Astrophysicist တစ်ယောက်ဖြစ်တဲ့ Naomi ဘာသာရေးကိုင်းရှိုင်းလွန်းတဲ့အမေဖြစ်သူကို လက်မခံနိုင်၊ မျက်မြင်တွေ့ရတာကိုသာယုံကြည်တတ်တဲ့ ဘာသာမဲ့တစ်ယောက် ကောင်မလေး။တစ်ရက် တက္ကသိုလ်ကပါမောက္ခရဲ့ သူနေထိုင်ရာဒေသနားကျရောက်လာတဲ့ ဥက္ကာပျံလို့ယူဆရတဲ့တစ်ခုကို သွားရှာဖွေဖို့ လာခေါ်တဲ့အခါ တက်ကြွစွာလိုက်သွားခဲ့ရာက အစပြုခဲ့တဲ့ဒီဇာတ်လမ်းလေး။ပင်လယ်ပြင်ထဲကျသွားတဲ့ အမျိုးအမည်မသိအရာတစ်ခုကို သွားရှာဖို့ လိုက်ပါသွားတဲ့ လှေနာမည်က
Odyssey၊ စုစုပေါင်းလိုက်ပါသွားသူ ၆ယောက်၊အဲ့ဒီ၆ယောက်ထဲက လှေမောင်းသမား Jonah၊ Pentecostal ဘာသာဝင် snake handlers တစ်ယောက်၊အထူးသဖြင့် ယုံကြည်သက်ဝင်လွန်းသူ၊ဘုရားသခင်အား မျက်မြင်တွေ့ပြီးသက်သေထူချင်သူ၊ Jonah အတွက် ယုံကြည်သက်ဝင်မှုဟာ မကောင်းဆိုးဝါးကပေးတဲ့ အကြောက်တရားနဲ့သာ ဘုရားသခင်တည်ရှိကြောင်း ယုံကြည်ဖို့ သက်သေထူနိုင်မယ်လို့ ယူဆထားတဲ့သူ၊ ဒါကြောင့်လဲ တစ်ဘဝလုံး မကောင်းဆိုးဝါးရှိနိုင်မယ့်နေရာအကုန် လိုက်လံရှာဖွေတယ်၊ ဒါ့အပြင် ပထမတစ်ခါ သက်သေတွေ့ပြီးသားလို့ပြောနေတဲ့ သူ့လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲ။ ဒီ၆ယောက် သွားရှာဖွေတဲ့နေရာမှာ ဘာတွေတွေ့လာမလဲ။ သိပ္ပံပညာကလွဲ ဘာမှမယုံကြည်နိုင်ကြသူတွေ ကြုံတွေ့လာရတာတွေကို လက်ခံနိုင်ပါ့မလား။ မကောင်းဆိုးဝါးရှိမရှိ ငြင်းခုံကြရင်း အသက်တန်ကြေးနဲ့လောင်းရတဲ့ အပေးအယူတစ်ခုကို ရွေးခိုင်းတဲ့အခါ။ Odyssey ဆိုတဲ့လှေ၊ အသက်ကယ်ဖောင်မှာ လူ၂ယောက်ပဲအသက်ရှင်လျက်တွေ့တယ်လို့ ကယ်ဆယ်ရေးသမားတွေ စစချင်းတွေ့တဲ့အခါ၊ဒီအသက်ရှင်တဲ့နှစ်ယောက်ဖြစ်ဖို့ ကိုယ်တိုင်ရွေးချယ်မှုပြုလုပ်နိုင်ပါ့မလား၊ ဘုရားသခင်အလိုတော်အတိုင်းပဲလား။ဇာတ်လမ်းအစကနေအဆုံးထိ အချိန်ကုန်လို့ကုန်မှန်းမသိ သို့လော သို့လော တွေနဲ့သည်းထိတ်ရင်ဖို ကြည့်ရမယ့်ဇာတ်လမ်းတစ်ခုပါ။ ပင်လယ်ပြင်ထီးထီးကြီးထဲ ပြန်မလာနိုင်ဘဲ ၆ယောက်မှာ ၄ယောက်သေရမယ့်ကံ၊ ဘယ်လိုရွေးချယ်ဖို့ကြိုးစားကြမလဲ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

0 comments:
Post a Comment