Country :United State
Duration : 1h 18min
အညွှန်း
Animated Movie တွေထဲမှာ Catwoman အတွက်
သီးသန့်ရုပ်ရှင်မရှိသေးတဲ့အတွက် Catwoman: Hunted ဆိုတဲ့ နာမည်နဲ့
Animated ရုပ်ရှင်တစ်ခုထွက်လာခဲ့ပါတယ်။
အရင် Animated Movie တွေတုန်းကလို ပုံစံမျိုးမဟုတ်ဘဲ
ဒီတစ်ခါမှာတော့ ဂျပန်ဒါရိုက်တာက ရိုက်ကူးထားတာဖြစ်ပြီး
Animation တွေကလည်း အရင်ခေတ်က Anime တွေလို
ပုံစံမျိုးတွေဖြစ်နေပါတယ်။ အမြင်တစ်မျိုးလေးဆန်းတယ်ပဲဆိုရမှာပေါ့။
ရတနာသူခိုးလို့ နာမည်ကြီးနေတဲ့ Catwoman တစ်ယောက်က
ဒီတစ်ခါလည်း ထုံးစံအတိုင်း ရတနာပဲခိုးပြန်ပါတယ်။
သူခိုးတဲ့ရတနာကတော့ တန်ဖိုးဖြတ်လို့မရတဲ့မြကျောက်ပဲဖြစ်ပါတယ်။
မြကျောက်ကိုခိုးမိလိုက်တဲ့အတွက် Catwoman ရင်ဆိုင်ရမယ့်သူတွေက
နယ်နယ်ရရတော့မဟုတ်ပါဘူး။ Black Mask တို့ Cheetah တို့ ဦးဆောင်တဲ့
Leviathan ဆိုတဲ့ ဒုစရိုက်ဂိုဏ်းရယ်၊ အင်တာပိုလ်အေးဂျင့်တွေရယ်၊
Batwoman ရယ်ပဲဖြစ်ပါတယ်။
တစ်ဖက်ကလည်း အသေသတ်မယ့် Leviathan အဖွဲ့ရယ်၊
မကူညီရင် ထောင်ချမယ်ဆိုတဲ့ အင်တာပိုလ်အေးဂျင့်တွေရယ်ကြားမှာ
Catwoman တစ်ယောက် ဘယ်လိုတွေအကွက်ရွှေ့နိုင်ဦးမှာလဲ။
0 comments:
Post a Comment