A Twelve-Year Night (2018)


 

Rating : 7.5/10
Country : United State
Genre : Adventure, Biography, Crime
Released Date : 2018
Duration : 2h 2min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ရှင်သန်လာတဲ့ လူတွေမှာ ဘာတွေတွေးခေါ်နိုင်မလဲခင်ဗျား စဉ်းစားကြည့်။လူတစ်ယောက်မှာ လွတ်လပ်စွာရှင်သန်ခွင့်ဟာအရမ်းအရေးကြီးတယ်၊ ကိုယ်နေထိုင်တဲ့ လူ့အသိုက်အဝန်းအဖွဲ့အစည်းကိုယ်၌က လွတ်လပ်မှ ကိုယ့်အတွေးအခေါ်တွေဟာ လွတ်လပ်မယ်။ ဒီလိုပဲ အညမည သဘောအနေနဲ့ ကိုယ့်အတွေးအခေါ်တွေ လွတ်လပ်မှ ကိုယ့်အသိုက်အဝန်းလွတ်လပ်မယ်။ လွတ်လပ်မှုဟာ လုံခြုံမှုကိုဦးတည်တယ်၊ လုံခြုံမှုကနေမှ သန့်ရှင်းတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုကို ဖော်ဆော်နိုင်မယ်။

ဒီလိုသဘောတရားတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့စိတ်ထဲမှာစိမ့်ဝင်ထားပြီးသား။ ဥရုဂွေးနိုင်ငံဟာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေရာကနေ အာဏာရှင် လက်အောက်ကို ကျရောက်သွားတယ်။ ဒီလိုအာဏာသိမ်းမှုမျိုးကို လက်မခံနိုင်တဲ့ လူတွေဝိုင်းဝန်းတော်လှန်ကြပြီး တူပါမာရိုတော်လှန်ရေးဆီကိုဦးတည်သွားတော့တယ်။သို့ပေမဲ့ စိတ်မကောင်းစွာပဲ ရှုံးနိမ့်ခဲ့ရပြီး ကျန်ရစ်သူတွေကတော့ထောင်ကျခဲ့ပါတယ်၊ ဒီတော်လှန်ရေးကြီးကနေပြီး တစ်ချိန်မှာ ဥရုဂွေးနိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူ၊ အထက်လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေဟာ ထောင်ထဲမှာ ၁၂ နှစ်ကြာ တိုက်နန်းစံရတဲ့ အိမ်ရှေ့မင်းသားရာထူး ရခဲ့ကြပါတယ်။ဒီ ၁၂ ကြာကာလဖြတ်သန်းရပုံကို ကိုယ်ခံစားနေရသလို ခံစားရတဲ့အထိရိုက်ပြနိုင်တဲ့ကားပါပဲ။ ” မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောခွင့်မရှိသလို ဘယ်သူနဲ့မှလည်း စကားမပြောရဘူး “တဲ့။ စိတ်သတ်ကွင်းဆိုတာ အဲဒီလိုနေရာမျိူးပါပဲ၊ စိတ်နဲ့ခန္ဓာ မအပ်စပ်တော့အထိ နှိပ်စက်ခဲ့ကြပြီး ဒီ တူပါမာရိုအကျဉ်းသား‌တွေရဲ့အပေါ့အလေးကိစ္စဟာလည်း မြောက်ကိုရီးယား နျူထိန်းချုပ်ရေးကိစ္စထက် ပိုအရေးကြီးခဲ့ကြပါတယ်။စိတ်သတ်ကွင်းမှာ သားရဲတွင်းက လွတ်လာတဲ့ သူတစ်ဦးကလည်း ၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးနိုင်ငံကြီးကို ဦးဆောင်ပြသွားခဲ့ပါတယ်။ဆိုတော့ ဒီစာကို ဂျိုဆေးမူဂီကာရဲ့အမေပြောထားတဲ့စကားလေးနဲ့အဆုံးသတ်ပါရစေ။“ တိုက်ခိုက်နေတာကို ရပ်လိုက်တဲ့သူက ရှုံးနိမ့်သွားတာပဲ… “

0 comments:

Post a Comment