The Summit of the Gods (2021)

 


Rating : 7.6/10
Country : United State
Genre : Animation, Adventure, Drama
Released Date : 2021
Duration : 1h 35min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animationကားကောင်းတစ်ကားပါ။

ဇာတ်ကောင်တွေဟာ Mangaအခြေခံ ဂျပန်ဇာတ်ကောင်ဖြစ်ပေမယ့် ပြင်သစ်နောက်ခံစကားပြောပါ။

လူသားတွေ ဧဝရတ်တောင်ထိပ်ကိုရောက်နိုင်ခဲ့တာ 1953ခုနှစ်ပါဒါပေမယ့် အဲဒါဟာ ပထမဆုံးကြိုးစားမှုမဟုတ်ပါဘူး။1924မှာ အင်္ဂလိပ်လူမျိုး ‌George Malloryနဲ့ သူ့အဖော်ဖြစ်သူ Andrew Irvineတို့ဟာတောင်ထိပ်ရောက်ဖို့ကြိုးစားရင်း ပြန်မလာနိုင်ခဲ့ကြပါဘူး။သူတို့ရောက်သွားခဲ့လားဆိုတာဘယ်သူမှမသိနိုင်ခဲ့ပေမယ့် မယ်လိုရီရဲ့ကင်မရာကိုရှာတွေ့ခဲ့ရင်တော့အဖြေရနိုင်ပါတယ်။ နှစ်ပေါင်း ၇၀ကြာပြီးနောက်မှာ ဂျာနယ်လစ်ဓာတ်ပုံသမားတစ်ယောက်ဟာဧဝရတ်တောင်ကိုဂျပန်အဖွဲ့တွေနဲ့ လိုက်တက်ပြီးဓာတ်ပုံလိုက်ရိုက်ရင်းနဲ့တစ်ချိန်ကတောင်တက်အကျော်အမော်တစ်ဦးဖြစ်ခဲ့သူ ဟဘူဂျိုဂျီမှာ အဲ့ကင်မရာရှိမှန်းသိသွားတဲ့အခါမှာတော့မယ်လိုရီပုစ္ဆာကိုအဖြေရှာရင်းဆောင်းပါးရဖို့အတွက်လူမြင်ကွင်းကနေပုန်းကွယ်နေတဲ့ ဟဘူကိုလိုက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းဟာ ကင်မရာကိုလိုက်ရှာချင်တာတင်မဟုတ်ပဲဟဘူရဲ့စိတ်ဝင်စားဖွယ်တောင်တက်‌စွန့်စားခန်းတို့ကို နောက်ကြောင်းပြန်ကောက်ကာဇာတ်ကြောင်းပြောရင်းနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားပါတယ်။ လူတွေဘာလို့တောင်တက်ကြတာလဲ၊ဘာလို့သက်စွန့်ဆံဖျားကြိုးစားပြီး အန္တရာယ်အရမ်းများတဲ့အရာကိုစိန်ခေါ်ရတာလဲဆိုတဲ့မေးခွန်းတွေကိုတစ်စိတ်တစ်ပိုင်းအဖြေထုတ်လှစ်ဟပြသွားနိုင်တဲ့ အနှစ်သာရပြည့်ဝတဲ့animationကားတစ်ကားပါ။ ဇာတ်လမ်းပြီးသွားသည့်တိုင်အောင် အချိန်ကုန်မှန်းမသိလိုက်စေပဲတောင်တက်သမားတွေရဲ့စိတ်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းတွေကို ရင်ဖိုဖွယ်ကြည့်ရှုခံစားရမှာပါ။အညွှန်းထက် ဇာတ်လမ်းကအများကြီးပိုကောင်းနေတာကို ကြည့်ပြီးရင်သိသွားမှာပါ။

0 comments:

Post a Comment