Ron’s Gone Wrong (2021)


 

Rating : 7.2/10
Country : United State
Genre : Animation, Adventure, Comedy
Released Date : 2021
Duration : 1h 47min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vsThe Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။“ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား”

“ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ”တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက်နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် “best friend”(အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက်လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကိုသိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာနေပေး ကူညီပေး စကားပြောပေးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေတာပေါ့။ဒီလိုနဲ့ ကလေးတွေကြားမှာ bubble robot တွေ ခေတ်စားလာပြီး မပိုင်ဆိုင်သူကတော့ မရှိသလောက် ဖြစ်လာပါတယ်။Nonsuch ဆိုတဲ့ မြို့လေးက ကျောင်းသားတွေထဲမှာ ဘာနေးဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ bubble robot ကို မပိုင်ဆိုင်တာပါ။သူကိုယ်တိုင်က လူအေးလေး ဖြစ်တဲ့အပြင် လူတိုင်းက ကိုယ်စီရဲ့ bubble robot တွေနဲ့ပဲ အလုပ်ရှုပ်နေကြတော့သူ့မှာ သူငယ်ချင်းဆိုတာမရှိပါဘူး။ အဲဒီအပြင် bubble robot မရှိတဲ့အတွက် စနောက်လှောင်ပြောင် ခံရပါသေးတယ်။တစ်နေ့မှာတော့ ဘာနေးရဲ့မွေးနေ့လေးကို ရောက်ရှိလာပါရော။ ဒီလိုနဲ့ bubble robot ကို လိုချင်နေတဲ့ဘာနေးတစ်ယောက် လိုချင်တာကို မွေးနေ့လက်ဆောင်အဖြစ်ရသွားပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ အားပေးကြည့်ရှုလိုက်ကြရအောင်နော်။

0 comments:

Post a Comment