Country : United State
Duration : 1h 26min
အညွှန်း
၆နှစ်လောက်ကြာအောင် သားသမီးတစ်ယောက်ကိုပျောက်နေဖူးလား
ဒီကားထဲမှာတော့ ပျောက်သွားပြီး ၆နှစ်ကြာမှ
ရုတ်တရတ်အိမ်ပြန်ရောက်လာတဲ့သမီးလေးကို
အဆင်ပြေစေဖို့ကြိုးစားပေးတဲ့အမေတစ်ယောက်ရယ်
ကလေးလည်းပျောက် မိန်းမနဲ့လည်းကွဲထားတဲ့အဖေတစ်ယောက်ရယ်
၁၀နှစ်မှာပျောက်သွားပြီး ၁၆နှစ်မှအိမ်ပြန်လာလို့ရတဲ့
ကလေးမလေးတစ်ယောက်ရယ်
မိသားစုတစ်စုအကြောင်းကိုရိုက်ထားတာပါ
အချုပ်အနှောင်ခံရတဲ့အခါ စိတ်တွေကပုံမှန်မဟုတ်တော့ပါဘူး
ဘယ်လိုတွေကြုံရတယ်ဆိုတာ
နားထောင်ရင်တောင် ရင်နာရမယ်ဆိုရင်
ကိုယ်တိုင်ကြုံရတဲ့သူဆိုရင် ဘယ်လောင်တောင်နာကျင်လိုက်မလဲပေါ့
ဒီကလေးမလေးကိုဘယ်သူကဖမ်းတာလဲ
တခြားသူ့လိုမျိုးအဖမ်းခံရတဲ့ကလေးမလေးတွေကိုရော
ကယ်နိုင်မှာလား
ကလေးမလေးကရော ဘဝကို အဆင်ပြေပြေရှေ့ဆက်နိုင်မှာလား
တရားခံကိုရောရှာတွေ့နိုင်မလား
ဒီမေးခွန်းတွေအားလုံးပျောက်သွားဖို့အတွက်ကတော့
ဒီကားလေးကိုဒေါင်းကြည့်ဖို့ပဲလိုပါတယ်
ကြ့ည့်လိုက်ပါဦးနော်
0 comments:
Post a Comment