I Don’t Fire Myself (2021)


 

Rating : 6.5/10
Country : Korea
Genre : Drama
Released Date : 2021
Duration : 1h 51min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒါက ယောက်ျားလုပ်ရမှာမျိုးမဟုတ်ဘူး၊ မိန်းမလုပ်ရမှာမျိုးမဟုတ်ဘူးလို့ ပြောတာမျိုး ကြားဖူးပါသလား။ ဖြစ်ရပ်မှန်ကိုအခြေခံတယ်လို့ ဆိုထားတဲ့ ဒီကားမှာဆိုရင် ပတ်ဂျောင်အွန်းရဲ့နေရာကနေ ကျားမခွဲခြားမှုကို မီးမောင်းထိုးပြထားပါတယ်။


ပတ်ဂျောင်အွန်းဟာ လျှပ်စစ်ကုမ္ပဏီရဲ့ ဌာနချုပ်မှာ အလုပ်လုပ်ခဲ့ဖူးသူပါ။ ဒါပေမဲ့ သူဘယ်လောက်ပဲကြိုးစားကြိုးစား ခွဲခြားမှုတွေကြုံခဲ့ရပြီး နယ်က လက်အောက်ခံကန်ထရိုက်ကုမ္ပဏီတစ်ခုဆီ တစ်နှစ် ပြောင်းရွှေ့ခြင်းကို ခံလိုက်ရပါတယ်။


သူတို့ရဲ့ နယ်မှာလုပ်တယ်ဆိုတာက လွယ်တာတော့မဟုတ်ပါဘူး။ သူ့ကို မန်နေဂျာကြီးပြောသလို “နယ်မှာနေရတာက ဈေးပေါတယ်၊ လုပ်ခလစာကလည်း ဈေးပေါတယ်” ဆိုတဲ့အတိုင်းပါပဲ။ ဒါ့အပြင်ကို မန်နေဂျာကရော အလုပ်သမားတွေကရော သူ့ကိုသဘောမကျကြပါဘူး။ကန်ထရိုက်ကုမ္ပဏီကလည်း ယဲ့ယဲ့လေးပဲကျန်တော့တဲ့အချိန် ဒီမိန်းမက ဌာနချုပ်မှာကပ်မနေဘဲ ဒီကိုလာရသလားဆိုပြီး တွေးနေကြတာချည်းပါပဲ။


“မိန်းမဆိုတာ ဒါမျိုးလုပ်နိုင်ပါ့မလား၊ ထရိန်နင်ဆိုတာ ထရိန်နင်ပဲရှိတာ၊ လုပ်နိုင်တာမလုပ်နိုင်တာက ရှိသေးတယ်” ဒီလိုအပြောတွေကြားမှာ ဂျောင်အွန်းတစ်ယောက် ခေါင်းမော့ ခါးကော့ပြီးလုပ်နိုင်ပါ့မလား။ ယဲ့ယဲ့လေးပဲကျန်တဲ့ ကုမ္ပဏီဘဝကိုရော ကယ်တင်နိုင်ပါ့မလား။


နာမည်ကြီး မင်းသမီး Yoo Da-in, It’s OK not to be OK စီးရီးက စိတ်ရောဂါသည်အစ်ကိုကြီးအဖြစ်ပါဝင်ခဲ့တဲ့ Oh Jeong-seတို့ပါဝင်ထားပြီး သူတို့ဆီက လျှပ်စစ်ကုမ္ပဏီဝန်ထမ်းတွေရဲ့ ဘဝအခြေအနေ၊ ကျားမခွဲခြားမှုတွေ၊ ရုံးဘဝအခက်အခဲတွေကို တစ်စိတ်တစ်ပိုင်းထင်ဟပ်ပြထားတဲ့ ဒီကားကို မြည်းစမ်းကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

0 comments:

Post a Comment