Country : India
Duration : 2h 35min
အညွှန်း
2018 က Qismat ရဲ့အဆက် Qismat 2 က ပရိသတ်ရှေ့ကိုပြန်လည်ရောက်ရှိလာပါပြီ၊ တစ်ချိန်က Qismat လိုပဲ ပရိသတ်ရင်ကိုဖမ်းစားနိုင်မလားဆိုတာတော့ ဒီကားလေးကိုကြည့်ရူအဖြေရှာကြည့်ကြပါ,
“ရှစ်ဗ်နဲ့ဘာနီ”တို့က တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီးတော့ ရှစ်ဗ်က စီးပွားရေးမပြေလည်တဲ့သာမန်မိသားစုကနေဆင်းသက်လာသူပါ၊ဘာနီကတော့ ပြည့်စုံတဲ့အခြေအနေမှာ မွေးဖွားလာသူပါ၊ သွက်လက်ပြီး ထက်မြက်တဲ့ဘာနီနဲ့ ရှစ်ဗ်တို့ တွေ့ဆုံတဲ့အခါမှာတော့ သာမန်ကျောင်းသားဘ၀ ရန်ဖြစ်ရင်းငြင်းခုန်ရင်းနဲ့ပဲ သူတို့ကခင်မင်ရင်းနှီးသွားကြပါတော့တယ်၊ရှစ်ဗ်ရဲ့မပြေလည်မှုတွေကို ကူညီရင်းရှစ်ဗ်က သူငယ်ချင်းမလေးဘာနီကိုသဘောကျသွားတဲ့အခါမှာရော ဘာနီရဲ့မိသားစုအသိုင်းအ၀န်းက ရှစ်ဗ်ကိုသဘောကျနိုင်ပါ့မလား, လက်ခံနိုင်ပါ့မလား, ဘာနီကရော အခက်အခဲတွေကြားကနေ ရှစ်ဗ်ရဲ့လက်ကိုအဆုံးထိတွဲထားနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရူပေးပါဦး။
ဇာတ်လမ်းရဲ့အစမှာ လူငယ်လေးနှစ်ယောက်ကြားက နှလုံးသားရေးရာခံစားချက်တွေနဲ့ ကျောင်းသားဘ၀ကို ပေါ့ပေါ့ပါးပါးတွေ့မြင်ရမှာဖြစ်သလို နောက်ပိုင်းမှာလည်းမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ခံစားချက်မျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်တာမို့ ခုပဲတင်ဆက်ပေးလိုက်ရပါတယ်
0 comments:
Post a Comment