Dune (1984)


 

Rating : 6.4/10
Country : United State
Genre : Action, Adventure, Sci Fi
Released Date : 1984
Duration : 2h 17min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သက္ကရာဇ် ၁၀၁၉၁ ခုနှစ်မှာ စကြာဝဠာထဲက ဂြိုလ်တွေ အကုန်လုံးကို Padishah Emperor Shaddam IV က အုပ်ချုပ်လျက်ရှိပါတယ်။ စကြာဝဠာတစ်ခုလုံးမှာ တန်ဖိုးအကြီးဆုံးအရာက “MELANGE” လို့ခေါ်တဲ့ စပိုက်စ်ပဲဖြစ်ပါတယ်။ စပိုက်စ်ဟာဆိုရင် ကျွန်တော်တို့ရဲ့ လူ့သက်တမ်းကို နှစ်ပေါင်းများစွာ‌အထိ အသက်ရှင်နိုင်အောင် ဆွဲဆန့်ပေးပြီးတော့ အသိပညာတွေကိုလည်း တိုးစေပါတယ်။ နောက်ပြီးအရေးအကြီးဆုံးကတော့ ထိုင်ရာကနေမထဘဲ ခရီးထွက်နိုင်တဲ့ အစွမ်းကို ပေးစွမ်းနိုင်တာပါ။


ဒီစပိုက်စ်ဟာဆိုရင်နေရာတိုင်းမှာ ရနိုင်တာမျိုးမဟုတ်ဘဲ Arrakis လို့အမည်ရတဲ့ သဲကန္တာရဂြိုလ်ပေါ်မှာပဲတူးဖော်ရရှိနိုင်တာ ဖြစ်ပါတယ်။ Arrakis မှာဆိုရင် Fremen ဆိုတဲ့ လူမျိုးတွေနေထိုင်ပြီးတော့ သူတို့ရဲ့ရှေးလူကြီးဟောကိန်းကတော့ လူတစ်ယောက်က သူတို့ကို စစ်မှန်တဲ့လွတ်လပ်ခြင်းဆီကိုခေါ်ဆောင်သွားမယ်လို့ ဟောခဲ့ပါတယ်။


“GUILD” ဆိုတဲ့အဖွဲ့အစည်းကနေ ဦးဆောင်ပြီးတော့ Arrakis, Caladan, Giedi Prime နဲ့ Kaitain ဆိုတဲ့ ဂြိုလ် ၄ ခုပူးပေါင်းပြီးတော့ စပိုက်စ်ထုတ်လုပ်ရေးကို လက်ဝါးကြီးအုပ်ထားခဲ့ပါတယ်။ တစ်နေ့ကျတော့ Kaitain ဂြိုလ်မှာနေထိုင်တဲ့ Emperor ဆီကို “GUILD” ကလူတွေရောက်လာပြီး Caladan အိမ်တော်က မြို့စား လီတိုရဲ့သား ပေါလ်ကို သတ်ဖို့ တောင်းဆိုလာချိန်မှာတော့…

0 comments:

Post a Comment