Hell Bank Presents: Running Ghost (2021)


 

 

Rating : 4.8/10
Country : China
Genre : Comedy, Fantasy, Romance
Released Date : 2021
Duration : 1h 21min

အညွှန်း

ဇာတ်လမ်းပုံစံလေးကထူးခြားပါတယ် လူတွေသေပြီးတဲ့နောက်မှာ ဘယ်နေရာကိုရောက်သွားကြတာလဲ
ဘဝနေထိုင်မှုက ဘယ်လိုမျိုးလဲဆိုတာကိုစိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးပြထားတာပါ
ငရဲပြည်ကိုတောင် modern version နဲ့ပုံဖော်ထားတာကိုတွေ့ရမယ့်ကားလေးပါ

ဇာတ်လမ်းအကျဉ်းကတော့ ဝမ်ဟုန်ခွိုက်ဟာသေပြီးတဲ့နောက်မှာငရဲပြည်ကိုရောက်သွားပြီးအကြောင်းကြောင်းကြောင့်သေဆုံးရတဲ့
အကြောင်းအရင်းကိုမသိဖြစ်နေပါတယ် ဒီလိုနဲ့ငရဲပြည်မှာကျင်းပတဲ့လူသားတွေကိုခြောက်လှန့်ရတဲ့ပြိုင်ပွဲတစ်ခုထဲကို
ထည့်ခံလိုက်ရပါတယ် ထိုပြိုင်ပွဲမှာအဆင့်သုံးဆင့်ရှိပြီး အနိုင်ရရှိသူကလူပြန်ဝင်စားခွင့်ရပြီးလူ့ဘဝမှာ
မပြီးဆုံးခဲ့တဲ့ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ခွင့်ရမှာပါ ဝမ်ဟုန်ခွိုက်တစ်ယောက်ဒီလိုနဲ့လူသားကမ္ဘာမှာလျှောက်သွားရင်း
ချုံလင်းခေးဆိုတဲ့လူသားကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ် ချုံလင်းခေးဟာလူသားတွေကို
မခြောက်လှန့်တတ်တဲ့ဝမ်ဟုန်ခွိုက်ကို သင်ကြားပေးပြီး သူ့အဖေကိုငရဲပြည်မှာရှာပေးဖို့အတွက်အပေးအယူလုပ်လိုက်ပါတယ်

ဝမ်ဟုန်ခွိုက်တစ်ယောက်ပြိုင်ပွဲမှာအနိုင်ရပြီး လူပြန်ဝင်စားနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်

 

0 comments:

Post a Comment