I Hope You Are Well (2020)


 

 

Rating : 4.6/10
Country : China
Genre : Drama
Released Date : 2020
Duration : 1h 36min

အညွှန်း

တရုတ်နိုင်ငံမှာ ၂၀၀၅ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုကို ရိုက်ကူးထားတဲ့
ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

ဝမ်ဝှာလေးတို့ သားအဖဟာ အလွန်တရာမှ ငွေကြေးချိုတဲ့ပြီး မိုးရေယိုပေါက်တွေ များလှတဲ့အိမ်လေးမှာ နေထိုင်ပါတယ်
အဖေဖြစ်သူက ကိုယ်တိုင်ရက်လုပ်တဲ့တောင်းလေးတွေကို ရောင်းချရင်း ရာသီပေါ်သီနှံလေးတွေရောင်းချရင်း အသက်မွေးဝမ်းကြောင်းပြုကာ ချိုချိုတဲ့တဲ့နေကြရပါတယ်
ဝမ်ဝှာလေးဟာ သူ့ရဲ့ဖခင်ဖြစ်သူကို အရမ်းချစ်သလို အရမ်းလည်းလိမ္မာပြီး စာလည်းအရမ်းတော်ပါတယ်
ကျောင်းပိတ်ရက်တစ်ရက်မှာတော့ ဝမ်ဝှာလေးဟာ အဖေဖြစ်သူနဲ့အတူ ဈေးကူရောင်းဖိုလိုက်လာခဲ့ပါတယ်

ကားလမ်းဘေးတစ်ဘက်တစ်ချက်ဆီမှာ ပန်းသီးတွေထည့်ထားတဲ့ဗန်းကိုချပြီး ရောင်းနေရင်း ဈေးလာဝယ်သူတစ်ယောက်နဲ့
မတော်တဆထိခိုက်သွားရာကနေ ဆေးခန်းပြတဲ့အခါ သူ့မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါဆိုးတစ်ခုရှိနေတယ်ဆို သိလိုက်ရပါတယ်
ယူနန်မြို့ပေါ်ကဆေးရုံကြီးမှာ ယွမ် ၃သိန်းကုန်ကျမယ့် ခွဲစိတ်မှုကြီးတစ်ခုကိုမဖြစ်မနေပြုလုပ်မှ အသက်ရှင်နိုင်မှာဖြစ်ပါတယ်

သူတို့သားအဖမှာတော့ အဲဒီလောက်များတဲ့ငွေပမာဏဟာ နောက် ၂ဘဝ ၃ဘဝနေရင်တောင် မရှိနိုင်ဘူးလို့ကိုဆိုရမှာပါ
အဖေဖြစ်သူကိုအရမ်းချစ်တဲ့ ဝမ်ဝှာလေးဟာ ဆေးကုသမှုကိုလက်လျှော့ဖိုဆုံးဖြတ်ချက်ချပြီးဆေးရုံက ဆင်းလာတဲ့အချိန်မှ
ဘယ်လိုအခြေအနေတစ်ရပ်ကို ပြောင်းလဲသွားမလဲဆိုတာ….

နောက်ဆုံးမှာတော့ ဝမ်ဝှာလေးဟာ ဒီရောဂါဆိုးကို ကျော်ဖြတ်နိုင်မလား
အရှုံးပေးလိုက်ရမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါနော်

 

0 comments:

Post a Comment