Chaitanyam (2021)


 

Rating : 9.3/10
Country : India
Genre : Drama
Released Date : 2021
Duration : 2h 12min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခါမှာတော့ ခံစားချက်ရသမျိုးစုံပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီး အနှစ်ငါးဆယ်အကြာ, ပြောင်းလဲတိုးတက်မှုတွေကိုစတင်လုပ်ဆောင်နေကြတဲ့အချိန် ဝေးလံတဲ့မြစ်ကမ်းနားကLankaလို့‌ခေါ်တဲ့ရွာမှာတော့ ကမ္ဘာကြီးနဲ့အဆက်ပြတ်ပြီးပြည်သူတွေကမျက်စိပိတ်နားပိတ်နဲ့နေနေကြရပါတယ်၊ မဲပေးပြီးကိုယ်ကြိုက်တဲ့ပါတီကိုရွေးချယ်ရတဲ့ခေတ်မှာတော့ ဘာမှမသိနားမလည်တဲ့သူတို့က နိုင်ငံရေးသမားတွေရဲ့ပစ်မှတ်ဖြစ်လာရပါတော့တယ်၊

သူတို့သာ အခြေခံလူတန်းစားဘ၀မှာပဲရှိနေရင် အစိုးရရဲ့ထောက်ပံ့ကြေးတွေ စီမံကိန်းတွေကိုရနိုင်တယ်လို့သိထားကြတဲ့ ရွာသူရွာသားတွေက တစ်နေ့တစ်နေ့သူတို့ဘ၀တိုးတက်ရေးကိုလုပ်ရမှာထက် ကြီးပွားတိုးတက်လာမှာကိုကြောက်နေကြတော့တာပါ။ အဲဒီရွာမှာပဲ နေထိုင်တဲ့Prakashကတော့ တခြားသူတွေနဲ့မတူပါဘူး၊ သူကခုလိုအစိုးရရဲ့ထောက်ပံ့ကြေးကိုမျှော်ကိုးပြီးနေရတာထက် သူ့ဘ၀ကို‌ရော သူ့ရွာကိုပါ တိုးတက်ချင်တဲ့သူပါ၊ သူ့ဘ၀တိုးတက်ချင်ပေမယ့် အရင်းအနှီးမရှိတဲ့အပြင်ပညာပါမတတ်တဲ့သူက ဖခင်ဖြစ်သူရဲ့ကျောက်ကပ်ကိုပါထုတ်ရောင်းပြီး ဒူဘိုင်းကိုသွားပြီးအလုပ်လုပ်ခဲ့ပေမယ့် အလိမ်ခံလိုက်ရပါတယ်။

ဒါပေမဲ့သူက သူ့ဖခင်အပေါ်မှာလုပ်ခဲ့တဲ့အပြုအမူအတွက်ပြန်ပြင်ဆင်ရင်း လက်‌မလျှော့ဘဲ သူ့ဘ၀အတွေ့အကြုံတွေနဲ့ သူ့ရွာ‌လေးကိုတိုးတက်အောင်ဆောင်ရွက်ခဲ့ပါတော့တယ်။

Prakashတစ်‌ယောက် သူ့ရဲ့ရွာကိုဘယ်လိုပုံစံနဲ့ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်မှာလဲ! ကျေးလက်နေလူတန်းစားတွေရဲ့ဘ၀,သားသမီးနဲ့မိဘကြားက သံယောဇဉ်စတဲ့ စတဲ့သုတရသတွေအများကြီးကိုမြင်တွေ့ရမယ့်အပြင် ကိုယ့်ဘ၀ကိုတိုးတက်ချင်ပြီးကြိုးစားချင်တဲ့Prakashကိုကြည့်ရင်း ဘယ်လိုစိတ်ဓာတ်ခွန်အားတွေရနိုင်မလဲဆိုတာကိုပါကြည့်ရူရမှာဖြစ်လို့ အချိန်ပေးရကျိုးနပ်စေမယ့်ကားကောင်းတစ်ကောင်းဖြစ်မှာသေချာပါတယ်

0 comments:

Post a Comment