Piku (2015)


Rating : 7.6/10
Country : India 
Genre :  Comedy, Drama
Cast :   Deepika Padukone, Amitabh Bachchan, Irrfan Khan 
Released Date : 2015
Duration : 2h 3min 

အညွှန်း

နားက မကောင်း၊ လုပ်ချင် ရာလုပ်တတ်တဲ့ ဖခင်နဲ့ စိတ်တို တတ်တဲ့ သမီးဖြစ်သူတို့ ကာလ ကတ္တားကို ကားနဲ့ ခရီးသွားတဲ့အခါ လိုက်ပို့ရတဲ့ ကားသမား နားပူနားဆာ ပြဿနာ ကြားထဲ ရောက်သွားရပုံကို ရိုက်ကူးထားတဲ့ အိန္ဒိယဟာသဒရာမာ ဇာတ်ကားသစ်လေး ဖော်ပြပေးလိုက်ပါတယ်။လုပ်ချင်ရာ ဇွတ်လုပ်တဲ့ ဖခင် ဘာစကာဘာနာဂျီး (Bashkor Banerjee) နေရာက မင်းသားကြီး အမီတာဘဂျမ်း (Amitabh Bachchan)၊ စိတ်တိုတတ်တဲ့ သမီး ပီကူဘာနာဂျီး (Piku) နေရာက ဒီပီကာပါဒူကိုနီ (Deepika Padukone)၊ ကားသမား ရာနာချောက်ဟရီ(Rana) နေရာက အီရာဖန်ခန်း (Irrfan Khan) တို့က သရုပ်ဆောင် ထားကြတာဖြစ်ပြီး အသက်(၇၀)အရွယ် တစ်ယူသန် တစ်ဇွတ်ထိုး မုဆိုးဖိုကြီး ဘာစကာဘာနာဂျီးဟာ ဝမ်းချုပ်တဲ့ ပြဿနာကြုံနေရပြီး သူဒီလိုဖြစ်နေတာကြောင့် ဘေးလူတွေ အကုန်လုံးလည်း ငြိမ်ငြိမ်မနေ ရပါဘူး။ မစ္စတာဘာနာဂျီမှာ ထက်မြက်တဲ့ သမီးဖြစ်တဲ့ ဗိသုကာပညာရှင် ပီကူရှိပြီး အမြဲ အလုပ်များနေသလို စိတ်ကလည်း မရှည်ပါဘူး။ အမြဲလိုလို ကတောက်ကဆ ဖြစ်ဖြစ်နေတဲ့ သားအဖနှစ်ယောက် ကာလကတ္တားကို ခရီးထွက်ဖို့ ဖြစ်လာတဲ့အခါ ပီကူတို့ သားအဖ နှစ်ယောက်အကြောင်းကို သိတဲ့အတွက် ကားအငှား လိုက်မယ့်သူမရှိ ဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ ကားအငှား လုပ်ငန်းပိုင်ရှင် ဖြစ်တဲ့ ရာနာဟာ ဘယ်လိုမှ ငြင်းဆိုမရတဲ့အဆုံး ကားလိုက်မောင်းပေးခဲ့ရပါတယ် ။ ခရီးသွားဖို့ ပြင်ဆင်တဲ့အခါမှာ ဝမ်းချုပ်တတ်တဲ့ မစ္စတာဘာနာဂျီးက အိမ်သာတက်ဖို့ ခုံကအစ သယ်ချင်တာကြောင့် သမီးဖြစ်သူ တားတဲ့ကြားက ကားခေါင်မိုးပေါ်တင်ပြီး ယူသွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက်လုံး ကတောက်ကဆနဲ့ သွားကြရင်း တစ်ဦး နဲ့ တစ်ဦး နားလည်မှုတွေရပြီး မေတ္တာတရားတွေ ထပ်မံပေါက်ပွားလာပုံကို ဆက်လက်ရှုစားရမှာပါ။ ဒီဇာတ်ကားလေးမှာ ကတောက်ကဆလေးတွေကြား သားအဖမေတ္တာကို နွေးနွေးထွေးထွေး၊ ပျော်ပျော်ရွှင်ရွှင် ခံစားကြည့်ရှုရမှာမို့ ပရိသတ် ကြီးကြည့်ရှုလိုက်ပါဦး။ IMDb Rating (7.6/10) နဲ့ Rotten Tomatoes (83%) ရရှိထားပါတယ်

 

0 comments:

Post a Comment