၂၀၁၉ ထွက်India ဇာတ်ကား Lucifer နဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက Box Office မှာ အောင်မြင်မှု အတော်ရထားတဲ့ ဇာတ်ကားလေးပါ။ Original Songtrack အလန်းစားတွေလည်းပါပါတယ်။ ဇာတ်လမ်းကတော့ Kerala ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ် P.K.Ramdas သေဆုံးသွားတာကစပါတယ်။ သူတို့စကားအတိုင်းပြောရမယ်ဆိုရင် အဲဒီနယ်ရဲ့ ဘုရားသခင်ပေါ့။
အဲဒီ ဘုရားသခင်မှာ သားသမီးနှစ်ယောက်ရှိတယ်။ စစ်တပ်တစ်တပ်ရှိတယ်။ သူ့ရဲ့ ဂုဏ်ကိုမြှင့်ပေးမယ့် တမာန်တော်တွေလည်းရှိတာပေါ့။ ဘုရားသခင်ရဲ့ နိုင်ငံက ကြီးလွန်းတော့ သူခိုးတွေက တမာန်တော်ဟန်ဆောင်ပြီး ဝင်လာကြတယ်။ တစ်နေ့မှာတော့ အဲဒီ ဘုရားသခင်သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တမာန်တော်ဟန်ဆောင်နေတဲ့ သူခိုးတွေက နိုင်ငံကိုသိမ်းပိုက်ဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်တဲ့သူကတော့ တစ်ယောက်ပဲရှိပါတယ်။ သူ့ကို ဟိန္ဒူမှာဆို မဟီရာဝဏ၊ အစ္စလာမ်မှာဆိုရင်တော့ အစ်ဘလီ၊ ခရစ်ယာန်မှာဆိုရင် Lucifer လို့ တင်စားပြောလို့ရတဲ့ Stephen Nedumpally ပါပဲ။ သူတို့ရဲ့တိုက်ပွဲကတော့ အကောင်းနဲ့အဆိုးကြားက တိုက်ပွဲမဟုတ်ဘဲ အဆိုးနဲ့အဆိုးကြားကတိုက်ပွဲလို့ပြောလို့ရပါတယ်။ နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့ မသမာမှုတွေကြားက ဇာတ်လမ်းကောင်း အက်ရှင်ကောင်းကောင်း ကြည့်ရမယ့် ဇာတ်ကားလို့ပြောချင်ပါတယ်။

0 comments:
Post a Comment