Alice in Panchalinadu (2021)


 

 

Rating : 7.2/10
Country : India
Genre : Thriller
Released Date : 2021
Duration : 1h 48min

အညွှန်း

Tamil Drama/Action ကားကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ Alice-In-Panchalinadu ဇာတ်ကားလေးဟာဆိုရင် August 26,(2021)ကထွက်ရှိထားတာဖြစ်ပြီးတော့ IMDb 8.7/10 ရရှိထားတာဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်နော်။ ပန်ချာလီနာဒူဒေသမှာ အနိုင်ကျင့်ကြီးစိုးပြီး ခိုးဝှက်လုယက်နေတဲ့အဖွဲ့ကို ဒေလီမြို့ကရောက်လာတဲ့ အဲလစ်ဆိုတဲ့မိန်းကလေးက စုံစမ်းဖော်ထုတ်ပြီးပညာကောင်းကောင်းကြီးပေးလိုက်တာကို ကျေနပ်အားရဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ပန်ဂျာလီဆာတီရှန်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူခိုးတစ်ယောက်ဖြစ်တယ်။ သူ့ကိုကူညီပေးနေတာကတော့ သားသတ်ဆိုင်ဖွင့်ထားတဲ့ စတီဖင်ဖြစ်တယ်။ ပန်ချာလီနာဒူအနီးအနားကရွာတွေဟာ မကြာခဏဆိုသလို ဆာတီရှန်နဲ့သူ့အပေါင်းအပါတွေရဲ့ ဓားပြတိုက်လုယက်တာခံကြရတဲ့အတွက် ပန်ချာလီနာဒူရွာကို သူခိုးရွာလို့တောင်ခေါ်ဝေါ်သုံးနှုန်းကြတယ်။ ဆာတီရှန်ကိုဖမ်းဖို့ ရဲတွေအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် အကြိမ်တိုင်းထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ဆာတီရှန်ကိုအမိဖမ်းဖို့အတွက် ခရိုင်ရဲတပ်ဖွဲ့က ဗီဂျေးခရစ်ရှနာကို တာဝန်ပေးအပ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေလီမှာနေတဲ့ ပါပီရဲ့တူမ အဲလစ်ဆိုတဲ့မိန်းကလေးလည်း ပန်ချာလီနာဒူကိုအလည်ရောက်လာပါတယ်။

အာနီကာသီချာကိုဟာ အာနီကာသီဘဏ်ပိုင်ရှင်ဖြစ်ပြီးတော့ ဘဏ်အပ်ငွေတွေ နဲ့ရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်တယ်။ ဒါ့အပြင် ဗီလာစီမံကိန်းကိုလည်းလုပ်ဆောင်နေတဲ့အတွက် ငွေလိုနေတယ်။ ကံဆိုးချင်တော့ သူ့ဘဏ်မှာငွေအပ်ထားတဲ့ ခရစ်ရှနာဆိုတဲ့လူကလည်း သူ့ပိုက်ဆံတွေကိုပြန်ထုတ်ယူချင်ပေမယ့် ဘဏ်ကအကြောင်းအမျိုးမျိုးပြပြီး ထုတ်မပေးဘူးဖြစ်နေတယ်။ တစ်ညမှာတော့ ပန်ချာလီနာဒူမှာတစ်ရွာလုံးပွဲတော်ကျင်းပနေကြပါတယ်။ အဲ့ဒီညမှာပဲ အာနီကာသီဘဏ်ဖောက်ထွင်းခံလိုက်ရတယ်။ ဒီအမှုရဲ့နောက်ကွယ်မှာ အဓိကကြိုးကိုင်နေတဲ့သူက ဘယ်သူဖြစ်မလဲ? ဒီအမှုမှာ အဲလစ်ဘယ်လိုပါဝင်ခဲ့လဲ? ဘဏ်အပ်ငွေတွေရောရွှေထည်ပစ္စည်းတွေရောကို သူတစ်ယောက်တည်းပိုင်ပြီလို့ထင်ထားတဲ့ အာနီကာသီချာကို ဘယ်လိုပညာပေးခံရပြီးရူးသွားမလဲဆိုတာကတော့….

 

0 comments:

Post a Comment