Rushed (2021)


 

 

Rating : 5.7/10
Country : United State
Genre : Drama, Horror, Mystery
Released Date : 2021
Duration : 1h 41min

အညွှန်း

အိုဘရိုင်ယန်မိသားစုမှာ သားတွေသမီးတွေနဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုလေးတစ်စုပေါ့၊ မနက်ဆိုရင် အမေလုပ်သူက သားတွေသမီးတွေကို ကျောင်းသွားနောက်ကျမှာမို့ နှိုးရင်း မနက်စာတွေပြင်ပေးရင်း သားသမီးတွေကလည်း မျိုးစုံဂျီကျရင်း အဖေကြီးကလည်း အမေ့စကားနားထောင်လေလို့ထထအော်ရင်းနဲ့ သာမန်ပျော်စရာမိသားစုဘဝလေးဟာ သူတို့ရဲ့သား ဂျင်မီတက္ကသိုလ်သွားရောက်သွားတဲ့အချိန်မှာပဲ ပျော်စရာတွေမရှိတော့ဘူးဖြစ်သွားပါတော့တယ်။

ဂျင်မီဟာ ပျော်ပျော်နေတတ်တဲ့ကောင်လေးတစ်ယောက်ပါပဲ၊ အရက်လည်းသိပ်မသောက်နိုင်တဲ့ သာမန်ကောင်လေးပေါ့၊ ဒါပေမယ့် ကျောင်းပါတီတစ်ခုမှာ နိုင့်ထက်စီးနင်းလုပ်ပြီး အရက်တွေသောက်နိုင်တာထပ်ကျော်ပြီးတိုက်ရုံမက မူးယစ်ဆေးတွေပါထည့်တိုက်ခံလိုက်ရပြီး မမျှော်လင့်ထားတဲ့ ဆိုးဝါးတဲ့ကိစ္စတွေ ဖြစ်ပြီးသွားတဲ့နောက်မှာ….

တက္ကသိုလ်မှာဖြစ်သွားတဲ့ ဆိုးဝါးတဲ့ကိစ္စဆိုပေမယ့်လို့ တက္ကသိုလ်ကဘာမှတာဝန်မခံပေးခဲ့ပါဘူး။ ဒါတွေကိုသိတော့ အမေလုပ်သူဟာ ဘယ်လိုလုပ်ပုံမှန်နေနိုင်ပါတော့မလဲကွယ်၊ နောက်ပိုင်းမှာ သူ့သားရဲ့မတော်တဆဖြစ်စဉ်တွေကို စုံစမ်းပြီးနောက်မှာတော့ သူ့သားတစ်ယောက်တည်း ဒီလိုကြုံရတာမဟုတ်ပဲ တခြားနစ်နာသူတွေလည်း ရှိတယ်ဆိုတာသိလာပြီးနောက် ဘာတွေများဖေါ်ထုတ်မလဲ၊ ဘာတွေဖြစ်လာမလဲ

 

0 comments:

Post a Comment