SR Kalyanamandapam (2021)


 

 

Rating : 6.5/10
Country : India
Genre : Action, Romance
Released Date : 2021
Duration : 2h 40min

အညွှန်း

“သူ့မှာ ၀င်ငွေရှိရှိ မရှိရှိ… အဖေက ကျွန်တော့်ရဲ့ဘုရင်ပါပဲ”
အများက ဘယ်လိုပဲအပြစ်တင်နေကြပါစေ.. သားဖြစ်သူအတွက်တော့ ဖခင်ဆိုတာအမြဲတမ်းဟီးရိုးပါပဲ…။ လူတိုင်းအတွက် မှန်ချင်မှမှန်နိုင်ပေမဲ့ ဖခင်မေတ္တာစိတ်ရှိတဲ့ ဖခင်တွေအတွက်တော့ အမှန်တရားတစ်ခု ဖြစ်မှာပါ။ ဖခင်လက်ထက်ကအောင်မြင်ခဲ့တဲ့ မင်္ဂလာခန်းမလုပ်ငန်းကို မထိန်းသိမ်းနိုင်ခဲ့တဲ့ Dharma..၊ အများရဲ့အပြစ်တင်မှုကိုတင်မ မယားဖြစ်သူကလည်း အကောင်းမမြင်၊ တစ်ဦးတည်းသောသားကပါ သူ့ကိုစကားမပြောတော့တဲ့အခါ အရက်ကိုပဲ အဖော်ပြုပြီး ပေတေနေခဲ့ပါတယ်။

အကြောင်းတချို့ကြောင့် ဖခင်ကိုနှစ်အတော်ကြာ စကားမပြောဘဲရှောင်နေခဲ့တဲ့ Kalyan ဟာ သူတက်တဲ့ကောလိပ်က Sindhu ဆိုတဲ့ မိန်းမချောလေးနောက်ကိုပဲ တကောက်ကောက်လိုက်ရင်း အချိန်ဖြုန်းနေသူပါ။ မမျှော်လင့်ဘဲ သူ့အိမ်စီးပွားရေးဖြစ်တဲ့ မင်္ဂလာခန်းမကိုတာ၀န်ယူပြီး သူ့အိမ်ရဲ့ဂုဏ်ကိုပြန်ဆယ်ပေးရဖို့ ဖြစ်လာပါတော့တယ်။ သူချစ်တဲ့မိန်းကလေးရဲ့ဖခင်နဲ့ သူနဲ့ကလည်း ရန်စရှိနေပြန်ပါတယ်။ တစ်နေ့တော့ သူ့မင်္ဂလာခန်းမမှာ ချစ်ရသူရဲ့မင်္ဂလာပွဲကိုပြင်ဆင်ပေးရဖို့ ဖြစ်လာတဲ့အခါ Kalyan တစ်ယောက် ဘယ်လိုရင်ဆိုင်ရှေ့ဆက်မလဲ…၊ ချစ်ရတဲ့မိန်းကလေးကို ပိုင်ဆိုင်ရပါ့မလား၊ ဖခင်နဲ့ရော ပြန်အဆင်ပြေမလား၊ မင်္ဂလာခန်းမကိုရော အဆင်ပြေပြေထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ရသစုံလင်စွာ ကြည့်ကြရမှာပါ။

လူငယ်အချစ်တင်မက အဖေနဲ့သားကြားက မေတ္တာကိုပါပေါ်လွင်အောင် ရိုက်ကူးထားတဲ့ အချစ်၊ အလွမ်း၊ မိသားစုမေတ္တာ ရသစုံဇာတ်လမ်းဖြစ်ပြီး ဟာသလေးတွေနှောထားတဲ့ လူငယ်ဆန်ဆန်ဇာတ်လမ်းလေးမို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

0 comments:

Post a Comment