The Stairs (2021)


 

 

Rating : 4.5/10
Country : United State
Genre : Horror, Sci Fi
Released Date : 2021
Duration : 1h 32min

အညွှန်း

အဘိုး ဂျင် နဲ့ ၁၁ နှစ်အရွယ် သူ့ရဲ့မြေးလေး ဂျက်စီ တို့ 
တောအုပ်ထဲကို အမဲလိုက်ထွက်ပြီး ဇာတ်လမ်းကို စထားပါတယ် ၊ သူတို့မြေးအဘိုးဟာ သမင်တစ်ကောင်နောက်ကို ပြေးလိုက်နေတုန်း မြေးလေး ဂျက်စီ တစ်ယောက် တောကောင်လေးတွေကို အစာကျွေးရင်း အနောက်မှာ ကျန်နေခဲ့ပါတယ် ၊ သူဟာ တောကောင်လေးနောက်ကို ပြေးလိုက်ရင်း တောအုပ်ရဲ့ အလယ်မှာ လှေကားထစ်တစ်ခုကို တွေ့ခဲ့တာပေါ့ ၊ ကလေးတို့သဘာ၀ စူးစမ်းချင်တဲ့စိတ်နဲ့ လှေကားထစ်ဆီကို သွားတဲ့အခါမှာတော့……..
 
သူ့မြေးလေး ပါမလာမှန်း သတိထားမိတဲ့ အဘိုး ဂျင်က
နောက်ပြန်လှည့်ပြီး ရှာရတော့တာပေါ့ ၊ အဲဒီမှာပဲ သူ့မြေးနောက်ကို လိုက်ရင်း လိုက်ရင်း လှေကားထစ်တွေ ရှိတဲ့ဆီကို ရောက်သွားပါတော့တယ် သူ့မြေးလေးရဲ့ အော်သံကို ကြားလိုက်ရပြီး သူ့မြေးလေးကို အထဲက လက်နှစ်ဖက်က လှေကားထစ်ထဲကို ဆွဲသွင်းလိုက်တဲ့အခါ………..
 
အဘိုး ဂျင် တစ်ယောက် သူ့ရဲ့ မြေးလေးကို ကယ်နိုင်ပါ့မလား ၊ သူကိုယ်တိုင်ရော အဲဒီတောအုပ်ကြီးထဲမှာ လုံခြုံနိုင်ပါ့မလား ၊ သူ့မြေးလေးကို ဆွဲသွင်းသွားတဲ့ လက်ပိုင်ရှင်ကရော ဘယ်အရာဖြစ်မလဲ ………..
 
တစ်ချက်ကလေးမှ မျက်စိမခွာနိုင်လောက်အောင် ဆွဲဆောင်နိုင်တာမို့ အိမ်မှာနေရင်း စိတ်အပန်းဖြေချင်သူတွေအတွက် ကြည့်ရှုသင့်ပါကြောင်း recommend ပေးလိုက်ပါတယ်နော်
 

 

0 comments:

Post a Comment