Whispering Corridors 6: The Humming (2021)

 


Rating : 5.6/10
Country : Korea
Genre : Horror, Mystery
Released Date : 2021
Duration : 1h 48min

အညွှန်း

Mine ထဲမှာ လူကြိုက်များခဲ့တဲ့ Kim Seo Young နဲ့

Penthouse ထဲက ဘယ်ရိုနာလို့ အများက သိထားကြတဲ့

အားလုံးရဲ့အချစ်တော် မင်းသမီးလေး Kim Hyun Soo တို့ ခေါင်းဆောင်ပါဝင်ထားတဲ့

Whispering Corridors 6 : The Humming ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။Whispering Corridors ဇာတ်လမ်းတွေကတော့

အစဉ်အဆက် နာမည်ကြီးခဲ့ပြီးသားဆိုတော့ အများကြီး ညွှန်းစရာ မလိုလောက်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။Eun Hee က သူ့ရဲ့ မွေးရပ်မြေက မိန်းကလေးအထက်တန်းကျောင်းကို

ဒုကျောင်းအုပ် အနေနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်.

ဒီကျောင်းက သူငယ်စဥ်ကတက်ခဲ့တဲ့ ကျောင်းလည်းဖြစ်ပြီးတော့

ကျောင်းသူတွေကြားထဲမှာလည်း ကျောင်းရဲ့ တတိယထပ်က ဂိုထောင်က သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးပါတယ်…..

HaYoung နဲ့ SoYeon က အဲဂိုထောင်ထဲကနေအသံတွေကြားနေခဲ့ရတာပါ။

HaYoung က Eun Hee နာမည်ရေးထားတဲ့ ပန်းအိုးလေးကိုရှာတွေ့ပြီး

EunHee နဲ့ တစ်ခုခုပတ်သက်နေမယ်လို့ယူဆခဲ့ပြီးသံသဝင်နေခဲ့ပါတယ်။ Eun Hee ကတော့ ဂိုထောင်ဟောင်းထဲက မှန်မှာတွေ့လိုက်ရတဲ့ မိန်းကလေးက

သူမကိုဒီကျောင်းဆီပြန်လာအောင်ခေါ်ယူခဲ့တာလို့ ယူဆနေတာဖြစ်ပါတယ်…ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ …..Horror,Thriller အမျိုးအစားဖြစ်တာကြောင့်

သဲထိတ်ရင်ဖို ဇာတ်ကားတွေမှ ကြိုက်တယ်ဆိုသူတွေအတွက် အချိန်ပေးကြည့်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်…

0 comments:

Post a Comment