Settlers (2021)

 


Rating : 4.7/10
Country : United State
Genre : Drama, Sci Fi, Thriller
Released Date : 2021
Duration : 1h 43min

အညွှန်း

ဒီတစ်ခါတော့ Settlers ဆိုတဲ့ ပေါ့ပေါ့ပါးပါး Sci-Fic ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်IMDb rating 6.4/10 ရထားပါတယ်မားစ်ဂြိုဟ်ပေါ်က မာရှန် ပို့စ် မှာ အခြေချနေကြတဲ့ သားအမိ သားအဖ မိသားစု သုံးယောက်အကြောင်းကနေ စတင်ပြသထားပါတယ်အဖေဖြစ်သူက သမီးကို ရယ်စရာတွေပြောရင်း အာကာသဗဟုသုတ တွေ သင်ပေးရင်း အမေက သင်္ချာ စတဲ့အတွက်အချက်တွေ သင်ပေးရင်း ဖုန်နီနီ သဲကန္တာရကြီးထဲက ပျော်ရွှင်ဖွယ် မိသားစု တစ်ခုပေမယ့်

သမီးလေး မသိတဲ့လျှို့ဝှက်ချက်တစ်ခုက ရှိနေခဲ့ပါတယ် စူးစမ်းတတ်တဲ့ ကောင်မလေးရဲ့ဝန်းကျင်မှာ သူစိမ်းတွေ ရောက်လာပြီး ဒီဂြိုဟ်ပေါ်မှာ သူတို့ပဲ ရှိတာ မဟုတ်မှန်း သိသွားတဲ့ အခါမိသားစု အသက်ရှင်နိုင်ရေးအတွက် ကြိုးစားရုန်းကန်ရတော့တယ်ကမ္ဘာပေါ်မှာ နင်နဲ့ငါ နှစ်ယောက်တည်းကျန်ခဲ့ရင်တောင် နင့်ကိုပြန်မကြိုက်ဘူးဆိုပြီး ဟာသလုပ်ပြောခဲ့တာတွေနဲ့ထပ်တူကျတာမျိုးဖြစ်နိုင်မလား နောက်ထပ် ဘယ်သူတွေ ကျန်ခဲ့ပြီး ဘာတွေ ဆက်ဖြစ်မလည်း ဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြရအောင်

0 comments:

Post a Comment