The 40 Year Old Virgin (2005)


 

 

Rating : 7.1/10
Country : United State
Genre : Comedy, Romance
Released Date : 2005
Duration : 1h 56min

အညွှန်း

ဒီတစ်ခါတော့ စိတ်ညစ်စရာတွေခဏတာမေ့ရင်းရယ်မောနိုင်ဖို့ Comedy ကားဟောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။
အန်ဒီဟာ တစ်ခါမှကိုလူပျိုရည်မပျက်ဖူးသေးတဲ့ အသက် ၄၀ အရွယ်လူပျိုကြီးတစ်ယောက်ပါ။
သူကအီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး အက်ရှင်ဇာတ်ကောင်ရုပ်တွေကို စုဆောင်းရတာလည်း
ဝါသနာထုံသူဖြစ်ပါတယ်။ တစ်နေ့တော့ အလုပ်ကယောက်ျားလေးတွေစုပြီး ပိုကာကစားပြီး ထွေရာလေးပါးလျှောက်ပြောကြရင်း
လိင်ဆက်ဆံတဲ့အကြောင်းရောက်သွားပါတယ်။

အန်ဒီတစ်ယောက် အစပိုင်းဖြီးဖြန်းပေမဲ့ သူလူပျိုဖြစ်နေသေးတဲ့အချက်က ဘူးပေါ်သလိုပေါ်သွားပါတော့တယ်။
ဒီလိုနဲ့ အန်ဒီလူပျိုရည်ပျက်ရေးဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့တာဝန်ကြီးတစ်ရပ်ဖြစ်သွားပြီး လူပျိုကြီးရောင်းထွက်နိုင်အောင်
အကြံဉာဏ်တွေမျိုးစုံပေးပြီး ကူညီကြပါတော့တယ်။ ဒီလိုနဲ့တစ်ခါမှအတွေ့အကြုံမရှိဖူးတဲ့ အန်ဒီတစ်ယောက် အကြံပေးတွေကြားထဲမှာ
ဘယ်လိုတလွဲတချော်တွေဖြစ်မလဲ၊ လူပျိုကြီးတစ်ယောက် စွံနိုင်ဦးမှာလားဆိုတာကို ရယ်မောရင်းခံစားကြည့်ရှုပေးကြပါဦး။

 

0 comments:

Post a Comment