PAW Patrol: The Movie (2021)

 


 

Rating : 6.4/10
Country : United State
Genre : Animation, Adventure, Comedy
Released Date : 2021
Duration : 1h 28min

အညွှန်း

ဒီ​နေ့ထွက် animation ကားသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။

အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, drama​တွေပဲ ဖြစ်​​နေလို့
ငြီး​ငွေ့​နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက်
စိတ်ကြည်နူး​ပျော်ရွှင်​စေနိုင်မယ့် animation​လေးဖြစ်မှာ ​အ​သေအချာပါပဲ

ဇာတ်လမ်းအကျဥ်းက​တော့ Paw Patrol​လေးတို့ရဲ့ ရန်သူ​​​တော်ကြီး
Humdingerတစ်​​​ယောက် Adventure Cityဆိုတဲ့မြို့​လေးမှာ
မြို့​တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျ​ရောက်​စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ်

ရန်သူ​တော်ကြီးရဲ့အဖျက်လုပ်ငန်းကို
​အဖွဲ့ခေါင်း​ဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီ​လေးတို့တသိုက်
ဘယ်လို​ခေတ်မှီနည်းပညာ​တွေ၊ စက်ပစ္စည်း​တွေနဲ့ ရ​အောင်တားကြမလဲ?

အဖွဲ့ဝင်ပါပီ​လေးတစ်​ကောင်ရဲ့ အတိတ်​ဇာတ်ကြောင်းက​နေ …..
အဖွဲ့အ​ပေါ် ဘယ်​လောက်ထိရိုက်ခတ်မှုရှိမလဲ?

Patrol အဖွဲ့ဝင်အသစ်​လေးက ဘယ်သူဖြစ်မလဲဆိုတာကို…

ချစ်စရာ​ကောင်းတဲ့ ကာတွန်းဇာတ်​ကောင်လေး​တွေနဲ့
ရယ်စရာ၊​ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။
Animationဇာတ်​ကား​လေးဖြစ်တာမို့
ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်​ပြေပါတယ်။

ချစ်ရတဲ့မိသားစုနဲ့အတူ ​ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို
ဒီ Animationကား​လေးနဲ့ တူတူကုန်ဆုံးလိုက်ပါ

 

0 comments:

Post a Comment