Secrets of a Gold Digger Killer (2021)


 

 

Rating : 5.4/10
Country : United State
Genre : Drama, Crime
Released Date : 2021
Duration : 1h 27min

အညွှန်း

စီလတ်လို့ခေါ်တဲ့ တစ်ခုလတ်အမျိုးသမီးတစ်ယောက် သူ့သမီးလေးနှစ်ယောက်ကို ကောင်းကောင်းမွန်မွန် မိသားစုဘဝလေးရစေချင်နေလို့ အလုပ်မျိုးစုံလုပ်ရင်းရှာကျွေးခဲ့တယ်၊ သူ့မှာ ထရေစီတာရွန်ဆိုတဲ့အရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်လဲရှိသေးတယ်။

နောက်တော့ သူအလုပ်လုပ်နေတဲ့စားသောက်ဆိုင်မှာလာစားနေတဲ့ မီလီယံနာသူဌေးကြီးတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်လိုက်တယ်၊ သူဌေးကြီးမှာက အရင်မိန်းမနဲ့သမီးတစ်ယောက် ကျန်ခဲ့သေးတယ်၊ သူဌေးကြီးသမီးကတော့ သူ့အဖေကိုငွေမက်လို့ယူခဲ့တယ်ဆိုပြီး သူ့ထက်တောင်ငယ်နေသေးတဲ့စီလတ်ကိုသဘောမကျဘူးပေါ့။

ဒါပေမယ့် သူတို့တွေအကုန်လုံး မိသားစုဘဝလေးပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတယ်၊ တစ်နေ့ သူဌေးကြီးအသတ်ခံလိုက်ရတယ်၊ အရမ်းရိုးသားတဲ့ပြီး အပေးအကမ်းလဲရက်ရောတဲ့လူကြီး အသတ်ခံလိုက်ရတော့ အကုန်လုံးအံ့ဩနေခဲ့တာပေါ့။ သူ့ကိုဘယ်သူသတ်ခဲ့တာလဲ၊ ဘာလို့သတ်တာလဲ၊ သူ့မိန်းမနဲ့ရောပတ်သက်နေလား၊ နောက်ဆုံးတရားခံအစစ်ကိုရော မိသွားမလား အတွေးများစွာနဲ့ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။

 

0 comments:

Post a Comment