Pig (2021)


 

 

Rating : 7.0/10
Country : United State
Genre : Thriller, Drama
Released Date : 2021
Duration : 1h 32min

အညွှန်း

ဒီတစ်ခါမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ Pig (2021) ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် July 16,2021မှာ ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb 7.2/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အမြတ်တနိုးမွေးမြူထားတဲ့ တိရစ္ဆာန်တစ်ကောင်ကို သားသမီးတစ်ယောက်လိုချစ်မြတ်နိုးပြီး အဆုံးရှုံးမခံနိုင်တဲ့လူတစ်ယောက်ရဲ့ မေတ္တာတရားကြီးမားမှုကို ကြေကွဲဝမ်းနည်းဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ် ။

ရော်ဘင်ဟာ တောထဲကအိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေပါတယ်။ သူ့မှာ မြေအောင်းမှိုအရှာတော်တဲ့ ဝက်မလေးတစ်ကောင်ရှိပါတယ်။ အဲ့ဒီဝက်မလေးကို သူ့ရဲ့သားသမီးတစ်ယောက်လို ပြုစုပျိုးထောင်ပေးထားပါတယ်။ မြေအောင်းမှိုရှာတတ်အောင်လည်း သူကိုယ်တိုင်ပဲ လေ့ကျင့်ပေးထားပါတယ်။ တစ်ညမှာတော့ ရော်ဘင်အိပ်ပျော်နေတုန်း သူ့ဝက်ကလေးအခိုးခံလိုက်ရပါတယ်။ ဒီလိုနဲ့သူဟာ သူ့ရဲ့ဝက်မလေးကိုရှာဖို့ မြို့ပေါ်ကိုသွားခဲ့ပါတယ်။ သူနဲ့စီးပွားရေးအတူတူလုပ်တဲ့ကောင်လေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ဝက်မလေးကို နေရာအနှံ့လိုက်ရှာပါတယ်။ အဲ့ဒီလိုရှာဖွေရင်းက သူ့ရဲ့နောက်ကြောင်းအမှန်က ဘာဖြစ်မလဲ? ဘာကြောင့် တောထဲမှာတစ်ယောက်တည်း အထီးကျန်သမားတစ်ယောက်လို သွားနေနေတာလဲ? သူ့ဝက်မလေးကိုရော ပြန်ရှာတွေ့ပါ့မလား?

 

0 comments:

Post a Comment