Narappa (2021)

 


 

Rating : 8.3/10
Country : India
Genre : Action, Crime, Drama
Released Date : 2021
Duration : 2h 33min

အညွှန်း

Action/Drama ကားကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် Narappa(2021) ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် IMDb 8.6/10 တောင်ရရှိထားတာဖြစ်တဲ့အတွက် ပရိသတ်တွေနှစ်သက်သဘောကျမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ 2019 ကထွက်ခဲ့တဲ့ Asuran ဆိုတဲ့ တမီလ်ဇာတ်ကားကို remake ပြန်လုပ်ထားတာဖြစ်ပါတယ်။ လူချမ်းသာတွေနဲ့လူဆင်းရဲတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ နာရာပါမှာ သားနှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူတို့ရွာမှာ တစ်ရွာလုံးကလယ်မြေတွေကို လက်ဝါးကြီးအုပ်အပိုင်သိမ်းယူထားတဲ့ လူချမ်းသာတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နာရာပါရဲ့သားအကြီးဆုံး မူနီကာနာနဲ့ လူချမ်းသာရဲ့သားတို့ပြဿနာဖြစ်ပြီး ထိုးကြကြိတ်ကြတယ်။ ဒါကိုမကျေနပ်တဲ့သူဌေးကြီးက မူနီကာနာကိုရဲလက်အပ်ပြီး မှတ်လောက်အောင်ရိုက်ခိုင်းပါတော့တယ်။ ဒါနဲ့တင်မကျေနပ်နိုင်သေးပဲ နာရာပါကိုပါ တစ်ရွာလုံးမှာရှိတဲ့ယောက်ျားသားတွေရဲ့ ခြေတော်ထိပြီးတောင်းပန်ခိုင်းခဲ့ပါသေးတယ်။

ရဲစခန်းကပြန်လွတ်လာတဲ့ မူနီကာနာဟာ အဖေဖြစ်သူရဲ့အကြောင်းကို ကြားသိလိုက်ရတဲ့အချိန်မှာ ဒေါသတွေထိန်းမရအောင်ထွက်ခဲ့ပါတယ်။ တစ်ညမှာတော့ သူ့အဖေကို အရှက်ရအောင်လုပ်ခဲ့တဲ့သူဌေးကြီးကို မူနီကာနာ သူစီးလာတဲ့ဖိနပ်နဲ့အချက်ပေါင်းများစွာရိုက်ပြီး သူ့အဖေရဲ့အရှက်သိက္ခာအတွက် လက်စားချေလိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူ့ကိုဖိနပ်နဲ့ရိုက်သွားတဲ့မူနီကာနာကို သူဌေးကြီးအခဲမကြေဖြစ်နေပါတယ်။ တစ်ညမှာတော့ မူနီကာနာကိုအပြတ်ရှင်းဖို့ သူ့တပည့်တွေကိုစေခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မိသားစုနှစ်ခုရဲ့ ရန်ငြိုးတွေက ကြီးသထက်ကြီးလာပြီး ဒီမိသားစုနှစ်ခုရဲ့ကလဲ့စားက ဘယ်လောက်ရှုပ်ထွေးပြီး ဘယ်လိုအဆုံးသတ်သွားမလဲ

 

0 comments:

Post a Comment