Manorama Six Feet Under (2007)

 


Rating : 7.6/10
Country : India
Genre : Crime, Drama, Mystery
Released Date : 2007
Duration : 2h 17min

အညွှန်း

ရုပ်ရှင်ဆိုတဲ့ ရသကို မရစေဘဲ တကယ့်ဖြစ်ပျက်နေသလို ကြည့်နေရင်း ခံစားနေရတာပါ…ဘာအလှအပ ဘာအကမှလဲ မပါပါဘူး…ရိုက်ချက်တွေကလဲစားပါတယ်…ကိုယ်က ဇာတ်ဆောင်တွေနောက်ကို လိုက်ချောင်းနေရသလိုမျိုး နစ်ဝင်စေပါတယ်… ဇာတ်လမ်းကလဲအရှုပ်..ကြည့်နေရင်း ဖြေရှင်းနေရင်း ပိုပိုရှုပ်လာပါတယ်…နောက်ဆုံး ဒါရိုက်တာက ပုံတွေ နောက်ခံစကားပြောတွေနဲ့ ရှင်းပြလိုက်မှပဲဪ..ဒီလိုပါလားဆိုပြီး သက်ပြင်းချနိုင်ပါတယ်…ဇာတ်ကောင် တစ်ယောက်စီတိုင်းရဲ့ ကာရိုက်တာတွေက တကယ့်အပြင်ကလိုပါပဲ…အပိုတွေမပါဘူး…အရှိအတိုင်း တုံးတိတိကြီးပါပဲ…ဇာတ်လမ်းကတော့ မအောင်မြင်တဲ့စာရေးဆရာတစ်ယောက် နိုင်ငံနဲ့ချီတဲ့အမှုတစ်ခုထဲ မထင်မှတ်ဘဲရောက်သွားတာကို ရိုက်ထားတာပါပဲ..ရုပ်ရှင်နဲ့မတူတဲ့ရုပ်ရှင်ဆိုတော့ ရုပ်ရှင်ကြိုက်တဲ့လူတွေနဲ့ ကီးမကိုက်လောက်ပါဘူး။အေးအေးဆေးဆေး တစ်ယောက်ထဲ လွင့်မျောမယ်..ဇာတ်ဆောင်တွေနောက် လိုက်ပါခံစားမယ်ဆိုရင်တော့ဒီကားက သင့်ကိုသေချာပေါက်ခေါ်ဆောင်သွားမှာပါ။စုံထောက်ကားတွေထဲတော့ ဒီဇာတ်ကားက အရှိအတိုင်းခံစားရတဲ့ ရှားရှားပါးပါး ဘောလိဝုဒ်ဇာတ်ကားပါပဲ။

0 comments:

Post a Comment