I Will, Song (2021)

 

Rating : 8.5/10
Country : Korea
Genre : Drama, Romance
Released Date : 2021
Duration : 1h 39min

အညွှန်း

ဘဝမှာဖြစ်ချင်တာတွေ မဖြစ်ရတော့ရင် …..

မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်ကြမလဲ?

စိတ်ဓါတ်တွေကျ သတ်သေချင်လောက်တဲ့အထိ ဖြစ်လာရင် ဘယ်လိုအားမွေးကြမလဲ?အခုလိုအားလုံးစိတ်ဓါတ်ကျ စိတ်ညစ်နေတဲ့အချိန်မှာ

စိတ်အားတက်စေမယ့် စကားတွေ နှလုံးသားကိုနွေးထွေးသွားစေမယ့် အဖြစ်အပျက်တွေနဲ့

စိတ်ညစ်ရင် နားထောင်ဖို့ သံစဉ်ချိုချိုလေးတွေပါတဲ့ အရမ်း ရိုသလို

MyDramaList မှာလည်း 8.5/10 ရထားတဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဂျူလိုင် ၁ရက်ကမှ အသစ်စက်စက်ထွက်ထားတဲ့ .ဒီဇာတ်ကားမှာ

Cast တွေအနေနဲ့ အဆိုတော်မလေး မူးဂယော အဖြစ်

နာမည်ကြီး T-Ara အဖွဲ့ဝင် Han Eun Jung က အဓိက Main Role အဖြစ်သရုပ်ဆောင်ထားပြီး

မင်းသားကတော့ ဘာရမ်းအဖြစ် Love With Flaws ထဲက သရုပ်ဆောင် Gu Won ကပါဝင်အားဖြည့်ထားပါတယ်

ဇာတ်လမ်းလေးကအေးသလို ထင်ရပေမယ့်

ကြည့်မိတာနဲ့ သီချင်းလေးတွေနဲ့အတူ ဇာတ်ကားထဲမျောသွားနိုင်မယ့် ဇာတ်လေးပါ စိတ်အားတက်စေမယ့် စကားလေးတွေ နဲ့

နာမည်ကြီး T-ara အဖွဲ့က အွန်းဂျောင်းရဲ့ အသံချိုအေးလေးနဲ့အတူ

အနုအရွသံစဉ်လေးတွေလည်းအများကြီးပါဝင်ပါတယ် 

ဇာတ်လမ်းအကျဉ်းကတော့ ….

နယ်မြို့လေးတစ်ခုကနေ ဆိုးလ်ကိုတက်လာတဲ့ မူးဂယောဆိုတဲ့ကောင်မလေးတစ်ယောက်

အသံကောင်းလို့ အဆိုတော်အဖြစ် နာမည်ကြီးအေဂျင်စီတစ်ခုမှာ စာချုပ်ချုပ်ဖို့ဖြစ်လာခဲ့ပေမယ့်

ပြင်းထန်တဲ့လေ့ကျင့်မှုတွေကြောင့် ကံဆိုးစွာပဲ သူမအသံအိုးထိခိုက်ခဲ့ရပါတယ်သူမရဲ့ မျှော်လင့်ချက်တွေအားလုံး တစ်ချိန်တည်း ရိုက်ချိုးခံလိုက်ရတဲ့အခါ

ဘယ်လိုပြန်ရုန်းထမလဲ ဘယ်လိုအခက်အခဲတွေကိုဖြတ်ကျော်ခဲ့ရလဲဆိုတာ

နမူနာယူစရာ စိတ်အားတက်စရာ ကြည့်ရှုရမှာပါသေချာလေးကြည့်သွားရင် စိတ်ထဲမှာတစ်ခုခုကျန်ခဲ့မယ့် ဇာတ်ကားကောင်းလေးဆိုတာတော့ သေချာပေါက်ညွှန်းချင်ပါတယ်



0 comments:

Post a Comment