A Reason to Live (2011)


 

 

Rating : 6.3/10
Country : Korea
Genre : Drama
Released Date : 2021
Duration : 1h 59min

အညွှန်း
အခုတင်ဆက်ပေးမှာကတော့ နာမည်ကျော်မင်းသမီး Song Hye Joရဲ့ ကားဟောင်းလေးတစ်ကားပါ။ နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့ လက်ထပ်ခါနီးဆဲဆဲ ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဒါဟယ်တစ်ယောက် ဝမ်းနည်းမှုတွေကို မချိမဆန့်ခံစားနေရပေမယ့် ချစ်ရသူဆန်းဝူးကို ဆိုင်ကယ်နဲ့တိုက်သတ်ခဲ့တဲ့ အသက်မပြည့်သေးတဲ့ကောင်လေးအတွက် ပြစ်ဒဏ်လျှော့ပေါ့ဖို့ အသနားခံစာတင်ပေးခဲ့ပါတယ်။ ရုပ်သံလွှင့်ရုံကနေ အလုပ်ထွက်ပြီးတော့ ဘုရားကျောင်းရဲ့တောင်းဆိုမှုအရ မှတ်တမ်းရုပ်ရှင်တစ်ခုကို ရိုက်ကူးပေးနေတာပေါ့။

ဒီမှတ်တမ်းရုပ်ရှင်ကတော့ ပြစ်မှုကျူးလွန်သူတွေကို ခွင့်လွှတ်ပေးဖို့အတွက် ရိုက်ကူးနေခဲ့တာပါ။ မိမိရဲ့ခွင့်လွှတ်မှုကြောင့် ပြစ်မှုကျူးလွန်သူလည်း ကိုယ့်ရဲ့အပြစ်တွေအတွက် နောင်တရပြီး ပေးဆပ်သွားမယ် ပြောင်းလဲသွားမယ်လို့ ဒါဟယ်တစ်ယောက်ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲကအစိုင်အခဲကိုတော့ ဒါဟယ်တစ်ယောက် သတိမထားမိခဲ့ပါဘူး။ ဒါကိုအဖေဖြစ်သူရဲ့ရိုက်နှက်မှုကြောင့် ဒါဟယ်နဲ့အတူလာနေတဲ့သူငယ်ချင်းရဲ့ညီမဖြစ်သူဂျီမင်းက အစဖော်ပေးလိုက်တဲ့အခါ သူ့ရင်ထဲကမေးခွန်းတွေကို အဖြေရှာဖို့ တခြားနစ်နာသူမိသားစု‌ဝင်တွေကို လိုက်တွေ့ပြီးတော့ ဆန်းဝူးကိုတိုက်သတ်ခဲ့တယ်ကောင်လေးအကြောင်းကို စုံစမ်းတဲ့အခါ သူထင်ထားတာနဲ့ လုံးဝကိုလွဲချော်နေတဲ့အခါ…

ဒါဟယ်က လွန်ခဲ့တဲ့တစ်နှစ်က တကယ်ပဲခွင့်လွှတ်နိုင်ခဲ့တာလား။ ပြစ်မှုကျူးလွန်သူတိုင်းဟာ ပြစ်ဒဏ်လျှော့ပေါ့ပေးတာနဲ့ ထိုက်တန်ရဲ့လား။ နစ်နာသူမိသားစုရဲ့ခွင့်လွှတ်မှုက ပြစ်မှုကျူးလွန်သူကို တကယ်ပဲပြောင်းလဲစေမှာလား။ ထိခိုက်နစ်နာသူတွေထက် ပြစ်မှုကျူးလွန်သူတွေကို ပိုပြီး‌တော့ကာကွယ်ပေးနေတဲ့ human right and lawတွေကရော တကယ်ပဲတရားမျှတရဲ့လား။ လူ့အဖွဲ့အစည်းရဲ့ တာဝန်မဲ့လူတိုင်းကို ခွင့်လွှတ်နေခြင်းဟာ နည်းလမ်းကောင်းဟုတ်ရဲ့လား။ လူတွေကခွင့်မလွှတ်နိုင်လို့ နာကျင်နေရတာလား ခွင့်လွှတ်ဖို့ကြိုးစားနေလို့ နာကျင်နေရတာလား။ ခွင့်လွှတ်ခြင်းဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။

နောက်ဆုံးမှာ ဒါဟယ်တစ်ယောက် ဒီ‌မေးခွန်းတွေအားလုံးကို အဖြေရှာနိုင်မလားဆိုတာ ကြည့်ရှုရင်း ပရိသတ်ကြီးပါ ဒီမေးခွန်းတွေကို ဒါဟယ်နဲ့အတူဖြေကြည့်လိုက်ပါ။ IMDb 6.4 ဆိုတဲ့ rating ကို ပိုင်ဆိုင်ထားတဲ့အပြင် အငိုမင်းသမီးလို့နာမည်ကျော်တဲ့ Song Hye Jo ရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဝမ်းနည်းစရာရော တွေးစရာအတွေးအမြင်သစ်တွေကိုပါ ပေးနိုင်မယ့်ရုပ်ရှင်ဖြစ်တာမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်

 

0 comments:

Post a Comment