Oslo (2021)


 

Rating : 6.4/10
Country : United State
Genre : History, Drama, Thriller 
Cast : Ruth Wilson, David Olah, Sam Goldin
Released Date : 2021
Duration : 1h 58min

အညွှန်း
HBO ကတော့ သမိုင်းနောက်ခံ ဒရာမာတစ်ခုအချိန်ကိုက် ပြသလိုက်ပါတယ်။နာမည်ကျော် အစ္စရေး နဲ့ ပါလက်စတိုင်းတို့ရဲ့ တိုက်ပွဲတွေကို ကြားဖူးကြမှာပါ။
ဒီရုူပ်ရှင်ကတော့ ၁၉၉၃ တုန်းက နော်ဝေးနိုင်ငံ အော့စ်လိုမြို့မှာ အစ္စရေး နဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးယူဖို့ လျို့ဝျက်ညှိနှိုင်းကြတဲ့ ဖြစ်ရပ်မှန်ကို ဖော်ပြထားတာဖြစ်ပါတယ်။ဘာလို့ လျို့ဝှက်ညှိနှိုင်းရလဲဆိုတော့ အဲဒီတုန်းက အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ဖြစ်နေတာ ၄ နှစ်လောက်ရှိပါပြီ။သူတို့အချင်းချင်း ညှိနှိုင်းမှုလည်းမရှိပါဘူး။ အစ္စရေးရဲ့ ပေါ်လစီအရဘယ် ပါလက်စတိုင်း ကိုယ်စားလှယ်နဲ့မှ တရားဝင်တွေ့ဆုံညှိနှှိုင်းခြင်းမလုပ်ဘူးဆိုပြီးပိတ်ချထားတာ ဖြစ်လို့ပါပဲ။ ညှိနှိုင်းရေးတွေကို အမေရိကန်အပါအဝင် ကြားခံနိုင်ငံတွေကဝင်ရောက်ညှိနှှိုင်းနေရတာ ဖြစ်ပြီ ကာယကံရှင်နှစ်ယောက်လုံး တေ့တေ့ဆိုင်ဆိုင်မဟုတ်တဲ့အတွက်ဘာအဖြေမှ ဖြစ်မလာခဲ့တာပါ။ ဒီရုပ်ရှင်မှာတော့ နော်ဝေးနိုင်ငံရဲ့ လင်မယားနှစ်ယောက်ကအော့စ်လိုမှာ နှစ်ဖက်နိုင်ငံကိုယ်စားလှယ်တွေကို လျို့ဝှက်တွေ့ဆုံနိုင်အောင်စီစဉ်ပြီး အော့စ်လို သဘောတူညီချက်ကို ရအောင်ကူညီခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ဒီနှစ်နိုင်ငံဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပြီးအချင်းချင်း မယုံကြည်မှုတွေ၊ အငြိုးတွေတွေ ဘယ်လိုမှ ညှိမရတဲ့ နိုင်ငံဖြစ်လို့ ကြားဝင်နိုင်ငံတွေကလည်းစိတ်ကုန်ပြီး မသိမသာပစ်ထားခဲ့တဲ့သဘောပါပဲ။ဒီအော့စ်လိုသဘောတူညီချက်ကို ခက်ခက်ခဲခဲ လုပ်ခဲ့ပေမယ့်တကယ်တမ်း ကြေညာချိန်မှာတော့ ပါလက်စတိုင်းတွေအများကြီးသဘောမတူကြသလို၊ အစ္စရေး ဝန်ကြီးချုပ် ရစ်ဇက်ရာဘင်ဆိုရင်အစ္စရေးအစွန်းရောက်တစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကိုပဲ ခံခဲ့ရတာပါ။

0 comments:

Post a Comment