The Wife (2021)


 

Rating : 4.7/10
Country : India
Genre : Crime, Horror, Romance 
Cast : Gurmeet Choudhary, Shweta Dadhich, Sayani Datta
Released Date : 2021
Duration : 1h 46min

အညွှန်း
ဗာရွန်းနဲ့ အာယာဟာ ညားကာစလင်မယားစုံတွဲဖြစ်ပြီး အသစ်စက်စက်တိုက်ခန်းလေးတစ်ခန်းမှာ အခြေချဖို့ပြောင်းလာကြတာပါ၊ သူတို့ရောက်ပြီး မကြာခင်မှာပဲ ထူးထူးဆန်းဆန်းအဖြစ်တွေစကြုံရတော့တာပါပဲ။ ပစ္စည်းတွေ နေရာရွှေ့နေတာ တံခါးတွေ အလိုအလျောက်
ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာ အရိပ်တွေဖြတ်သွားတာတွေမြင်ရပေမယ့် ဗာရွန်းကမယုံကြည်ခဲ့ပါဘူး။

တစ်ဖြည်းဖြည်းနဲ့သဘောထားကွဲလွဲမှုတွေ ကတောက်ကဆဖြစ်ရပ်တွေ အပြင် ခြောက်လှန့်မှုတွေကပိုပိုကြမ်းတမ်းလာခဲ့ပြီး ဗာရွန်းမယုံကြည်ပဲနေလို့မရတော့တဲ့အခြေအနေဆိုက်လာချိန်မှာတော့..

အပိုဆာဒါး ဒိုင်ယာလော့ဂ်အကြီးကြီးတွေမပြော ကြမ်းကြမ်းတမ်းတမ်းသရဲခြောက်နေရာကနေရုတ်တရက် သီချင်းတွေထဆို ကခုန်တာတွေ တစ်ခုမှ မပါပါဝင်တဲ့အတွက် ပုံမှန်ရေစီးကြောင်းထဲက ဘောလိဝုဒ် Horror ကားတွေကို ငြီးငွေ့နေတဲ့ ပရိသတ်တွေအတွက် လတ်ဆတ်တဲ့ အရသာသစ်တစ်ခုကိုခံစားရစေမှာပါ။

0 comments:

Post a Comment