J. Edgar (2011)


 

Rating : 7.2/10
Country : United State
Genre : Biography, Drama, Romance
Cast : Leonardo DiCaprio, Armie Hammer, Naomi Watts
Released Date : 2011
Duration : 2h 17min

အညွှန်း
ဒါရိုက်တာ ကလင့် အိတ်(စ)ဝုဒ် ရိုက်ကူး သည့် အက်ဂါ ဟူးဗား ဘ၀ ဇာတ်ကြောင်း တွင် FBI တည်ထောင် သူ J. Edgar Hoover အဖြစ် သရုပ်ဆောင် သည့် လီယီု နာဒို ဒီကာပရီယို သည် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု များ နှင့် နီးစပ်နေ သည် ရုပ်ရှင်ဝေဖန် ရေး ဆရာ များ က မှတ် ချက်ချခဲ့ဘူးသည်။
မည်သည့် အချိန်မှ ကြောက်ရွံ့ အားငယ်သည့် ဟန် ကို မပြ ခဲ့ သည့် FBI အရှင် သခင် အက်ဂါဟူးဗား အဖြစ် သရုပ်ဆောင်ရာတွင် လီယိုနာဒို ဒီကာ ပရီယိုသည် ဟူးဗား အဖြစ် သူ ၏ တစ်ကိုယ်ရည် ဘ၀ နှင့် အများ သိသော ဟူးဗား ဘ၀ အဖြစ် ငယ်စဉ် မှ သည် အိုမင်းရင့် ရော် သည်ထိ ကို ပြောင်မြောက် စွာ ဖြင့် J. Edgar တွင် သရုပ်ဆောင် ခဲ့ သည် ဟု ဝါရင့် ရုပ်ရှင် ဝေဖန်ရေး ဆရာ ကြီး Roger Ebert က Chicago – Sun – Times သတင်းစာ တွင် ရေး သားထားသည်။အက်ဂါ ဟူးဗား သည် ၁၉၂၂ မှ ၁၉၇၂ ခုနှစ် မေလ ၂ ရက် သူ သေဆုံးသည် အထိ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဌာန ကြီး တွင် ညွှန်ကြားရေးမှုးရာထူးဖြင့် အကြီး အကဲ နေရာ ကို တာဝန်ထမ်းဆောင် ခဲ့သည်။သူ့လက်ထက် တွင် အမေရိကန် နိုင်ငံ သို့ ခိုးဝင်လာ သည့် ဂျာမန် ယူဘုတ် များ ကို ဖမ်းဆီး နိုင်ခဲ့ပြီး ၊ အယ်(လ)ကပုန်း နှင့် ဂျွန်ဒလင် ဂျာ အပါအဝင် အမေရိကန် မာဖီးယား နှင့် ဒုစရိုက် ခေါင်းဆောင် များ ကို လည်း ရှာဖွေ ဖော်ထုတ် နိုင် ခဲ့ သည်။သိုသိုသိပ်သိပ် နေတတ်ပြီး သူ၏ အတွင်းစည်းတွင် သူ့ အတွင်းရေး မှုး ဖြစ်သူ ဟယ်လင် ဂန်ဒီ နှင့် ကလိုက် တိုင်ဆန် တို့ ကို သာ သူ့နား တွင် ရှိ နေ စေခဲ့ သည်။ ဟယ်လင် ဂန်ဒီ အဖြစ် နာအိုမီဝတ် (King Kong) က သရုပ်ဆောင် ပြီး ၊ ကလိုက် တိုင်ဆန် အဖြစ်The Social Network မှ အာမီ ဟားမား က သရုပ်ဆောင် သည်။၎င်း သည် ၁၉၅၀ ပြည့် လွန် နှစ်များက အမေရိကန် ပြည်သူ့ အခွင့် အရေး လှုပ်ရှား မှု များ နှင့်ကွန်မြူ နစ် ဝါဒ အမေရိကန် ပျံနှံ့ လာမှု ကို အပြင်း အထန် တားဆီး နှိပ် ကွပ် ခဲ့ သူ ဖြစ်သည်။ J.Edgar ဇာတ်ကား ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက် တာ ကလင့်အိတ်(စ)ဝုဒ် သည် Unforgiven, Million Dollar Baby ဇာတ်ကားများ ဖြင့် အော် စကာ ဆု ရရှိ ခဲ့ သူ ဖြစ်သည်။

0 comments:

Post a Comment