Chaos Walking (2021)


 

Rating : 5.7/10
Country : United State
Genre : Adventure, Sci-Fi 
Cast : Tom Holland, Daisy Ridley, Demián Bichir 
Released Date : 2021
Duration : 1h 49min

အညွှန်း
မင်းသား Tom Holland ရဲ့ Sci-Fi ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ၊ ဒီရုပ်ရှင်လေးထဲမှာတော့ အမျိုးသားတွေက ဂြိုလ်တစ်ခုပေါ်ကိုရောက်တာနဲ့ သူတို့ရဲ့အတွေးတွေကို အချင်းချင်းမြင်နေရတဲ့ကျိန်စာမိနေသလိုအဖြစ်ကနေ စတင်ထားပါတယ်။ ပရန်တစ်တောင်းဆိုတဲ့မြို့လေးဟာ ယောက်ျားသားတွေပဲရှိပြီး မိန်းမတွေကို စစ်ပွဲမှာ Spackleဆိုတဲ့ဂြိုလ်သားတွေက သတ်ဖြတ်လိုက်တယ်လို့ မြို့တော်ဝန်က အားလုံးကိုပြောပြထားတာပေါ့။

ဒီမြို့မှာဇာတ်လိုက်မင်းသား‌လေးတော့ဒ် (Tom Holland) ကတော့ အငယ်ဆုံးဖြစ်ပြီး အားလုံးရဲ့အထင်သေးခံရသူလေးပေါ့။ သူ့ကိုချီးကျူးတဲ့လူက မြို့တော်ဝန်ပဲရှိတာကြောင့် မြို့တော်ဝန်သာ သူ့အတွက်တစ်ကမ္ဘာဖြစ်နေခဲ့တာပေါ့။ ဒီအချိန်မှာ သူ့ရဲဘဝထဲကို Viola ဆိုတဲ့ မိန်းမချောလေး ရောက်ရှိလာချိန်မှာ ဘာတွေပြောင်းလဲသွားမလဲ။ မိန်းကလေးဆိုတာကို မမြင်ဖူးတဲ့သူ့အဖို့ ဘယ်လိုတွေခံစားရမလဲ။

Violaကိုကယ်တင်ဖို့ သူတို့ရဲ့ရန်သူတွေလို့ သတ်မှတ်ထားတဲ့ Spackle‌ တွေရဲ့နယ်မြေ Farbranch ကို အတူထွက်ပြေးကြရာကနေ သူတို့ဘာတွေကို သိလာရမလဲ။ Prentis ကရော ဘာတွေကိုလျှို့ဝှက်ထားတာလဲ။ Violaကရော တော့ဒ်ကိုခေါ်ပြီး ဒီနေရာကနေ ထွက်ခွာနိုင်မှာလားဆိုတာကို ဒီ Chaos walking ဆိုတဲ့ရုပ်ရှင်လေးမှာ ကြည့်ရှုရင်း ကမ္ဘာသစ်ဆီကို အလည်သွားလိုက်ကြရအောင်

0 comments:

Post a Comment