The Dry (2020)


 

Rating : 7.3/10
Country : United State
Genre : Crime, Drama, Mystery
Cast : Eric Bana, Genevieve O'Reilly, Keir O'Donnell
Released Date : 2020
Duration : 1h 57min

အညွှန်း
ဒီကားလေးက ဒီနှစ်ဆန်းပဲ ထွက်လာတာပါ

Rating က IMDbမှာ 7.7 /10 နဲ့ Rotten Tomatoes မှာ 100% ရထားပါတယ်

ဇာတ်လမ်းကတော့ mystery အမျိုးအစားဖြစ်ပြီး လူသတ်မှု၂မှုကို ဘယ်သူလုပ်သလဲ ရှာတဲ့ဇာတ်လမ်းပါ

Aaron က တော်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူ့ကို သူငယ်ငယ်ကနေခဲ့တဲ့မြို့ကို အသုဘတခုကြောင့် ပြန်လာဖို့ ဖုန်းဆက်တာနဲ့ ခနပြန်သွားခဲ့ပါတယ် သူ့မြို့က ရေခန်းခြောက်နေတဲ့ လယ်လုပ်တဲ့ပြည်နယ်မှာပါ ပူပြင်းရေရှားပြီး လယ်တွေလဲ အက်ကွဲဒုက္ခရောက်နေပါတယ် မိုးမျှော်နေကြတာ ကြာပါပြီ

အသုဘကတော့ သူ့ငယ်သူငယ်ချင်း Luke ရဲ့ အသုဘပါ ဒါပေမဲ့ Luke ရဲ့အသုဘက လူအများအတွက် ဝမ်းနဲစရာမဟုတ်ပါဘူး Luke က သူ့သားနဲ့ မိန်းမကို သတ်ပြီး သူ့ကိုသူသတ်သေခဲ့တာပါ လသားအရွယ်သမီးလေးပဲ ကျန်ခဲ့ပါတယ်

အသုဘပြီးတဲ့အခါ Luke မိဘတွေက သူတို့သားဒါမျိုးလုပ်တာမယုံတဲ့အတွက် Aaron ကို အမှုစုံစမ်းခိုင်းပါတယ် Aaron လဲ သူ့bff က မလုပ်ဘူးထင်တယ် ဒါပေမဲ့ သူ့ကိုမတွေ့တော့တာကြာပြီ အမှုလိုက်ရင်း သူ့ငယ်ဘဝက သူငယ်ချင်းကောင်မလေး Ellie သေတဲ့အမှုကိုပါ ဆက်စပ်မိတယ် Ellie ကို သတ်သေတယ်လို့ပဲ အမှုပိတ်ခဲ့ရတယ် Aaron နာမည်လဲ အမှုထဲ ပါခဲ့တယ်

ဒါမဲ့ Ellieက တကယ်သတ်သေတာလား Luke နဲ့များဆိုင်နေမလား Luke က အဲ့တုန်းလုပ်ခဲ့ရင် ခုရောမလုပ်နိုင်ဘူးလား ဒါမှမဟုတ် တခြားသူသတ်တာလား တခြားသူငယ်ချင်း Gretchen များလား ခု Luke တို့မိသားစုကို သတ်တာရရော Luke ကိုယ်တိုင်ပဲလား အသတ်ခံရတာလားဆိုတာ ကြည့်ရမှာပါ

0 comments:

Post a Comment