Luck-Key (2016)


 

Rating : 6.9/10
Country : Korea
Genre : Action, Comedy, Crime
Cast : Hae-Jin Yoo, Joon Lee, Yun-hie Jo
Released Date : 2016
Duration : 1h 52min

အညွှန်း
ယွန်းဂျယ်ဆောငး်ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာအလုပ်မှန်သမျှာမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူလည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘဝကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်…သို့ပေမယ့် မလုပ်ဖြစ် ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်…
သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်…အဝတ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့  အရမ်းချမ်သာပုံရတဲ့လူတစ်ယောက်ကိုဆိုပါတော့… အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာဆေးရုံရောက်သွားတယ်…စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက် လဲကျနေတဲ့သူရဲ့ရေချိုးခန်းအဝတ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်..တခြားသူက ဆေးရုံရောက်သွားပေမယ့်  ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲ...နာရီအကောင်းစား ပိုက်ဆံအိပ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင်ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘိုးကြီးမြင့်လွန်းတဲ့အိမ်ဆီကိုရောက်သွားစေတယ်… ယွန်းဂျယ်ဆောင်းဟာ ပစ္စည်းတွေပြန်ပေးဖို့လုပ်ပေမယ့် ပိုင်ရှင်ဖြစ်တဲ့သူဟာ ကြမ်းပြင်နဲ့ရိုက်မိတဲ့ဒဏ်ကြောင့် အတိတ်မေ့သွားတယ်…ပြောရရင် လူချင်းချိန်းလိုက်သလိုဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ယွန်းဂျယ်ဆောင်းဟာ တခြားသူတိုက်ခန်းမှာ ခပ်တည်တည်သွားနေလေရဲ့…သူ့အပျော်တွေဟာ သိပ်တော့ကြာကြာမခံပါဘူး…တိုက်ခန်းပိုင်ရှင်ဖြစ်တဲ့အတိတ်မေ့နေတဲ့သူဟာလက်နက်ပေါင်းစုံ လူမိုက်တွေနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်ပေါင်းစုံPassport ပေါင်းများစွာရှိနေတဲ့ ကြေးစားလူသတ်သမားအဖြစ်သိရှိပြီးတဲ့နောက်ယွန်းဂျယ်ဆောင်းတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ…အတိတ်မေ့သွားတဲ့ လူမိုက်ကြီးကရော ဘယ်လိုရှေ့ဆက်မလဲ…ဘယ်လိုအန္တရယ်တွေကရော သူတို့ကို ဆီးကြိုနေမလဲ…

0 comments:

Post a Comment