The Flood (2020)


 

Rating : 5.1/10
Country : United State
Genre : Drama, Western
Cast : Alexis Lane, Shaka Cook, Dean Kyrwood 
Released Date : 2020
Duration : 1h 57min

အညွှန်း
ဒီကားလေးကတော့ စကော့တလန်လူမျိုးတွေ ဩစတြေးလျကိုပြောင်းရွှေ့အခြေချပြီး
နောက်ပိုင်း နယ်ခံလူမည်းတွေကို ဖိနိပ်ချုပ်ချယ်ခဲ့တဲ့ကာလကို နောက်ခံထားပြီးရိုက်ကူးထားတာပါ။ခရစ်ယာန်သာသနာပြုအဖွဲ့ကတော့ လူမည်းတွေအပေါ်လည်းကောင်းမွန်စွာ ဆက်ဆံခဲ့ပေမဲ့ အာဏာရှင်တွေကဒီလိုမဟုတ်ခဲ့ပါဘူး။
ဒီထဲကအဓိကဇာတ်ကောင် ဂျရတ်မှာ သူ့ယောက်ျားဝါရူရယ်၊ သူ့သမီးလေးဘင်ဒါရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးပေါ့။
ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါမှာတော့ ဝါရူနဲ့အတူလူမည်းအမျိုးသားတွေဟာ ဩစတြေးလျစစ်တပ်ထဲကိုလိုက်သွားရပါတယ်။
အဲ့အချိန်မှာပဲ အစိုးရက ကျန်ခဲ့တဲ့လူမည်းမိန်းမနဲ့ကလေးတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ဆိုပြီး
လူဖြူတွေရဲ့အိမ်တွေကို တစ်ကွဲတစ်ပြားစီ ပို့ပစ်လိုက်ပါတယ်။ ဝါရူစစ်ပွဲကနေပြန်ရောက်လာတဲ့အချိန်မှာတော့
သူ့အိမ်နေရာလည်းမရှိတော့သလို မိန်းမရော၊ သမီးရောမတွေ့ရတော့တဲ့အခါ သူ့မိသားစုကိုပြန်ခေါ်နိုင်ဖို့ ကြိုးစားပါတော့တယ်။နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ခံစားအားပေးကြပါဦး။
လူမည်းတွေအပေါ် ခွဲခြားဆက်ဆံပြီး ရက်စက်ယုတ်မာပုံတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။

0 comments:

Post a Comment