Babysitter's Black Book (2015)


 

Rating : 5.3/10
Country : United State
Genre : Drama
Cast : Spencer Locke, Ryan McPartlin, Perrey Reeves 
Released Date : 2015
Duration : 1h 28min

အညွှန်း
ကျောင်းမှာ အမြဲအဆင့်၁ရပြီး ကောလိပ်ကောင်းကောင်းကို သွားချင်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူမရဲ့နာမည်က အက်ရှ်လေ ပဲဖြစ်ပါတယ်။ သူမဟာ ပညာရေးမှာ ထူးချွန်တဲ့အပြင် ကလေးထိန်းတဲ့ စီးပွားရေးတစ်ခုကိုပါ အပိုဝင်ငွေရစေရန် ထူထောင်ခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေးမှာ သူမရဲ့သူငယ်ချင်းတွေလည်း ပါဝင်ခဲ့ကြပြီး ကိစ္စတိုင်းက လည်း အဆင်ပြေချောမွေ့နေခဲ့ပါတယ်။ဒါပေမယ့် ဒီလိုအခြေအနေလေးဟာ ကြာရှည်မရှိခဲ့ရှာပါဘူး။ သူမရဲ့ မိသားစုဟာ ငွေကြေးပြဿနာရှိခဲ့ပြီး သူမအတွက် ဖယ်ထားတဲ့ ကောလိပ်စရိတ်ကို သုံးလိုက်တဲ့ထိ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နေချိန်မှာ သူမကလေးထိန်း အဖြစ်လုပ်နေတဲ့ အိမ်က ကလေးအဖေ က သူမကို နာမည်ကြီး ကောလိပ်တွေထဲက တစ်ခုဖြစ်တဲ့ ” ပရပ်စ်မန်း “ကို ဝင်ခွင့်ရအောင် လုပ်ပေးပြီး ကျောင်းစရိတ်ပါ ပေးဖို့ထိကူညီမယ်ဆိုတော့ သူမအတွက် မျှော်လင့်ချက်အလင်းရောင်လေး သန်းခဲ့ပါတယ်။ ဒါပေမယ့် သူမ ဒီအကူအညီကို ယူလိုက်လို့ ဘယ်လောက်ထိပေးဆပ်လိုက်ရမလဲ ဆိုတာမသိခဲ့ပါဘူး။ဒါဆိုရင်……အက်ရှ်လေ တစ်ယောက် ဘာတွေပေးဆပ်လိုက်ရမလဲ။ သူမနဲ့ သူငယ်ချင်းတွေကော ကလေးထိန်းပေးတဲ့ စီးပွားရေးကိုတည်မြဲအောင်လုပ်နိုင်မလား။ အက်ရှ်လေကရော သူမတက်တဲ့ ကောလိပ်ကို တက်ခွင့်ရမလားဆိုတာကို သိရဖို့ ကိုယ်တိုင်သာကြည့်ရှုလိုက်ပါနော်။ ဖြစ်ရပ်မှန်အခြေအနေတွေကို ကိုးကားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အမျိုးစားကလည်း Drama ဖြစ်တဲ့အတွက် ကြည့်ရှုမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းပြီး လူ့အသိုင်းဝိုင်းနဲ့ပက်သက်တဲ့အတွေးတွေ ရသွားစေမယ်လို့ မျှော်လင့်မိပါတယ်။

0 comments:

Post a Comment