The Campaign (2012)


 

Rating : 6.1/10
Country : United State
Genre : Comedy,
Cast : Will Ferrell, Zach Galifianakis, Jason Sudeikis
Released Date : 2012
Duration : 1h 25min

အညွှန်း
ယခုတခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Comedy ကားလေးတစ်ကားဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲတွေ ကျင်းပနေတဲ့ချိန် ဖြစ်တဲ့အတွက်ကြောင့် ဒီဇာတ်ကားလေးကို အချိန်မီ တင်ဆက်ပေးလိုက်ပါတယ်။

ဒီကားလေးက ၂၀၁၂ တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး The Champaignလို့ အမည်ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံမြောက်ပိုင်း ကယ်လ်လိုရိုင်းနားပြည်နယ်ကို အခြေခံပြီး ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားလေး တစ်ကားပါ။

ဒီဇာတ်လမ်းလေးထဲမှာတော့ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၂ယောက် ဘယ်လိုအလွဲလေးတွေနဲ့
လုပ်ဆောင်သွားကြမယ်ဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားလေးထဲမှာ Hangover ဇာတ်ကားရိုက်ကူးခဲ့တဲ့ မင်းသား Zach Galifianakis ပါ၀င်ထားတဲ့ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကမ်ဘရိုဒီက နာမည်ရပြီးသားကိုယ်စားလှယ်တစ်ယောက်ပါ….
သူက သု့အလုပ်မှာ သိပ်ပြီးတော့အာရုံစိုက်လေ့လည်းမရှိတဲ့သူပေါ့…. တော်ကီကတော့ အရမ်းကြွယ်ပါတယ်….
ဒီလိုနဲ့ ရွေးကောက်ပွဲစတင်မယ့်အချိန်ရောက်လာပါတော့တယ်။ သူက ကိုယ်စားလှယ်တစ်ယောက်တည်း မို့လို့ အပြတ်အသတ်ပဲဆိုတာ သူသိနေပါတယ်။

ဒါပေမယ့် ….. မစ်ချ် ညီနောင်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်နစ်ယောက်က တရုတ်တွေနဲ့ စပ်တူ လုပ်ဆောင်ပြီးတော့ မြောက်ပိုင်းကယ်လိုရိုင်းနားမှာ
အမြတ်အစွန်းရနိုင်တဲ့အကွက်ကို တွေ့ပြီး ကမ်ဘရိုဒီကိုနိုင်မယ့် သူတို့ ဘက်တော်သား ကိုယ်စားလှယ်တစ်ယောက်ကို ရွေးချယ်လိုက်ပါတော့တယ်…..

သူကတော့ မာတီ ဟက်ဂင်ပါ…. မင်းသားကြီး Zech ဟာ ကြောင်တောင်တောင်လို့ပဲပြောရမလား ကလေးဆန်ပြီးနွဲ့တဲ့နေရာမှာ အရမ်းတော်တယ်လို့ပဲပြောရမလားမသိပါဘူး…
သူ့ပုံစံကို Hangover ထဲကအတိုင်းတွေ့ရမှာပါ။ ဒီလိုနဲ့ မာတီက အာဏာတစ်ဖြည်းဖြည်း ရလာအောင် မစ်ချ်ညီနောင်ကလုပ်ဆောင်ပေးခဲ့ပါတယ်။
သူတို့နစ်ယောက်က ပြိုင်ဖက်တွေဖြစ်လာကြတာပေါ့။

ကဲ ဒီလောက်ဆိုရင်တော့ သူတို့တွေဘယ်လိုပြိုင်ကြမလဲ… ဘယ်လိုမဲဆွယ်ကြမလဲ…..
တစ်ယောက်နဲ့တစ်ယောက်ကရော ဘယ်လိုအလွဲတွေနဲ့ ပြိုင်ဆိုင်ကြမလဲ ….
မာတီက သူ့ကို မစ်ချ်ညီနောင်က အမြတ်အစွန်းရဖို့ အတွက်အသုံးချတယ်ဆိုတာ သိခဲ့ချိန်မှာရော …
ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ… တစ်ခိခိ နဲ့ရီနေအောင်ကြည့်ရမယ့်ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်

0 comments:

Post a Comment