Election (1999)


 

Rating : 7.2/10
Country : United State
Genre : Comedy, Drama, Romance 
Cast : Matthew Broderick, Reese Witherspoon, Chris Klein 
Released Date : 1999
Duration : 1h 43min

အညွှန်း
ဒီကားလေးကတော့ George Washington မြို့ Carver High School ကျောင်းရဲ့ ‌
ရွေးကောက်ပွဲအကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ Comedy movie လေးဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာတော့ ထရေစီဆိုတဲ့ ကောင်မ‌လေးဟာ ကျောင်းမှာကျင်းပမယ့်
ရွေးကောက်ပွဲမှာ သမ္မတအဖြစ်ဝင်ရောက်ယှဥ်ပြိုင်ဖို့ ကြိုးပမ်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဂျင်မက်အယ်လစ်စတာဆိုတဲ့ ဆရာဖြစ်သူက သူ့သူငယ်ချင်းဖြစ်သူရဲ့ဘဝကို ဖျက်ဆီးလိုက်တဲ့
ထရေစီဆိုတဲ့ကောင်မလေးကို သူလိုချင်တာရဖို့အတွက် ကျင့်ဝတ်မရှိပဲလုပ်နေတယ်လို့ မြင်လာပါတယ်။

ဒါကြောင့် ပေါလ်ဆိုတဲ့ကောင်လေးကို ထရေစီနဲ့အပြိုင် သမ္မတနေရာကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဖျောင်းဖျခဲ့ပါတယ်။
နောက်ဆုံးသူမဟာ ဂျင်ရဲ့ဒီရွေးကောက်ပွဲထဲ ပါဝင်ပတ်သက်နေမှုကို သိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ
သမ္မတရာထူးကရော ဘယ်သူရသွားမလဲ ဂျင်ကရော ဘာတွေဖြစ်သွားမလဲစသည်ဖြင့်
ဟာသလေးတွေနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

18+ အခန်းတွေ ပါတဲ့အတွက် မိသားစုနဲ့ အတူကြည့်ဖို့ မသင့်တော်ပါဘူး။

0 comments:

Post a Comment