Rentang Kisah (2020)


 

Rating : 7.5/10
Country : Indonesia
Genre : Biography, Drama
Cast : Beby Tsabina, Juan Bione Subiantoro, Donny Damara
Released Date : 2020
Duration : 1h 38min

အညွှန်း
ဒီကားလေးကတော့ ၂၀၂၀ စက်တင်ဘာလ ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်
အင်ဒိုနီးရှား နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု ကြောင့် နိုင်ငံအတွင်းအလုပ်လက်မဲ့တွေများလာပါတယ် ထို့ကြောင့် ပြည်ပသို့အလုပ်ထွက်လုပ်ကြရပါတယ်
ဒီကားထဲမှာတော့ မင်းသမီးချောလေး ဂီတာရဲ့အဖေဟာလည်း အဆိုပါနည်းတူ စီးပွားရေးပျက်ကပ်ရဲ့သားကောင်ဖြစ်ခဲ့ပါတယ် မိသားစုရဲ့ဝမ်းရေးရှိသေးတာကြောင့်
တိုင်းတစ်ပါးကိုသွားပြီး အလုပ်လုပ်ကာ မိသားစုထောက်ပံ့ပေးခဲ့ရပါတယ်
ဒီလိုနဲ့ ဂီတာကျောင်းပြီးတော့သူ့ အဖေနဲ့ အမေ စီစဉ်တဲ့အတိုင်း တိုင်းတစ်ပါးမှာ ပညာသွားသင်စေခဲ့ပါတယ် အဖေနဲ့အမေ ဆန္ဒရှိသလို ဂီတာဟာတိုင်းတစ်ပါးမှာ အဆင်ပြေပြေ ပညာဆည်းပူးနိုင်ပါ့မလား ယဉ်ကျေးမှုမတူတဲ့နယ်မြေ မှာဂီတာတစ်ယောက် နေသားကျအောင်ဘယ်လိုလုပ်မလဲ မထင်မှတ်တဲ့လောကဓံ တရားနဲ့ ရင်ဆိုင်ရတဲအခါမှာတော့ ဂီတာရဲ့ အားကိုးရာက ဘာဖြစ်လာမလည်း ဆိုတာကတော့…
ဒီကားမှာဆိုရင် တိုင်းတစ်ပါးမှာစီးပွားသွားရှာရတယ်ဆိုပေမဲ့ နာမည်သာလှပြီး အမြင်မသင့် လှတဲ့ အဖေ တစ်ယောက်ရဲ့မေတ္တာကိုလည်းတွေ့ရမှာပါ
မိဘမေတ္တာကို ဖော်ကျူးထားတဲ့ မိသားစုကားလေးဆိုလည်းမမှားပါဘူး
Imdb ကလည်း 7.4 ထိရရှိထားပါတယ်

0 comments:

Post a Comment