Malik & Elsa (2020)


 

Rating : 5.8/10
Country : Indonesia
Genre : Romance, Drama
Cast : Endy Arfian, Salshabilla Adriani, Joshua Pandelaki 
Released Date : 2020
Duration : 1h 28min

အညွှန်း
အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Boy Candra ရေးသားပုံဖော်ထားတဲ့  Malik and Elsa စာအုပ်ပထမတွဲကို ရုပ်ရှင်အနေနဲ့ထွက်ရှိလာပြီး IMDb 6/10ရရှိထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်လေးပဲဖြစ်ပါတယ် အင်ဒိုနီးရှားရုပ်ရှင်တွေနဲ့ အများစုကအလှမ်းဝေးကြပေမယ့် အခုတစ်ခေါက်ရုပ်ရှင်လေးကတော့  လူငယ်ဒရမ်မာကားလေးဖြစ်နဲ့အလျောက် လူငယ်တွေအကြိုက်တွေ့မယ်ထင်ပါတယ်  မာလစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပါဒန်ဆိုတဲ့မြို့လေးကို  တက္ကသိုလ်တက်ဖို့ရောက်လာခဲ့ပါတယ် မာလစ်ဟာ အဖေတစ်ခုသားတစ်ခုဘဝနဲ့  ဘဝကိုလှုပ်ရှားရုန်းကန်နေရသူပါ ပါဒန်မြို့ကို ရောက်လာချိန်မှာလည်း စျေးမှာတောက်တိုမရလုပ်ကိုင်ရင်း  တက္ကသိုလ်စရိတ်ကို ကိုယ်တိုင်ရှာဖွေနေရသူတစ်ယောက်ပါ  တစ်နေ့မှာ အတန်းဖော်ကောင်မလေးဖြစ်တဲ့ အယ်လ်ဆာနဲ့ အလောင်းအစားပြိုင်ကြရာမှ   အယ်လ်ဆာတစ်ယောက်ရှုံးပြီး မာလစ်ကိုတစ်ပတ်တိတိ နေ့လည်စာဝယ်ကျွေးဖို့ အကြောင်းဖန်လာပါတော့တယ်  တစ်ပတ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာ မာလစ်နဲ့အယ်လ်ဆာဟာ လူငယ်ပီပီ စူးစမ်းကြရင်း လည်ပတ်ကြရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်  သူတို့ရဲ့ဆန္ဒလေးတွေကို စက္ကူလေယာဥ်မှာရေးရင်း လွှတ်ခဲ့ကြတဲ့သူတို့နှစ်ယောက်  စက္ကူလေယာဥ်လေးတွေလိုပဲ သူတို့ရဲ့ဘဝဆန္ဒတွေကို လွတ်လွတ်လပ်လပ် အကောင်ထည်ဖော်ခွင့်ရမလားဆိုတာကိုတော့ Malik & Elsa ဆိုတဲ့ရုပ်ရှင်လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်

0 comments:

Post a Comment