Kelam (2019)


 

Rating : 4.0/10
Country : Indonesia
Genre : Horror
Cast : Aura Kasih, Amanda Manoppo, Giselle Tambunan
Released Date : 2019
Duration : 1h 15min

အညွှန်း
ဒီဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ကမှထွက်ရှိထားတဲ့အင်ဒိုနီးရှား Horror ကားလေးပဲ ဖြစ်ပါတယ်။နီနာဟာ ချစ်စဖွယ်သမီးငယ်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့
သက်လတ်ပိုင်းအိမ်ထောင်သည် အမျိုးသမီးတစ်ဦးပါ။တစ်ညမှာတော့ သူမ အိပ်ပျော်နေတုန်းမှာ သူမတို့နဲ့အဝေးမှာနေထိုင်တဲ့သူမရဲ့ မိခင် ကျန်းမာရေး ဆိုးရွားနေတဲ့ အတွက်သူမ ကိုလာခဲ့ဖို့ဆက်သွယ်လာပါတယ်။သူမနဲ့သမီးဖြစ်သူဟာ သူမငယ်စဉ်ကနေထိုင်ခဲ့တဲ့ မိခင်ကြီးရဲ့ အိမ်ကို ရောက်သွားကြပြီးသူမရဲ့ ခင်ပွန်းဖြစ်သူကတော့ အလုပ်တွေကြောင့် သူမတို့နဲ့ အတူတူ မလိုက်ပါနိုင်ခဲ့ပါဘူး။သူမရဲ့ သမီးငယ်ဟာလည်းမွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ဦးဖြစ်ပြီးခွဲစိပ်မှုပြုလုပ်ဖို့ စောင့်ဆိုင်းနေရပါတယ်။သူမ မိခင်ကြီးရဲ့ အိမ်ကို ရောက်တဲ့အခါမှာ မိသားစုတွေ ပြန်လည် ဆုံတွေ့ကြပေမယ့်အတိတ်ကပြသနာတချို့ကြောင့် သူမနဲ့ မိခင်ကြား ဆက်ဆံရေးကောင်းမွန်ခြင်းမရှိတာကိုသူမရဲ့ ညီမဖြစ်သူထံမှ အပြစ်တင်တာမျိုးကို ရင်ဆိုင်ကြုံတွေ့ရပါတယ်။သူမသမီးငယ်လေးရဲ့ ကျန်းမာရေးတဘက်၊ မိခင်ရဲ့ ကျန်းမာရေးကို တဘက် နဲ့သူမနှင့် ညီမဖြစ်သူဟာ ပြုစုစောင့်ရှောက်ရင်းပုံမှန်မဟုတ်တဲ့ သဘာ၀ကိစ္စရပ်တွေကို ရင်ဆိုင်ကြုံတွေ့လာရပါတယ်။သူမကိုယ်တိုင်က စိတ်ဓာတ်ခက်ထန်မာကျောသူတစ်ဦးဖြစ်ပေမယ့်ကြုံတွေ့ရတဲ့ကိစ္စများဟာ သူမအတွက် နားမလည်နိုင်စရာ ပဟေဠိတွေဖြစ်လာပြီးအကြောင်းရင်းကို ရှာဖွေဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။သူမလို အစစအရာရာပြည့်စုံနေတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့မိခင်နဲ့ ဆက်ဆံရေးမပြေလည် ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ?သူမရဲ့ အတိတ်ကပြသနာဆိုတာကများရော ဘယ်လိုပြသနာမျိုးလဲ?သူမသမီးလေးကို ထူးဆန်းတဲ့ အပြုအမူတွေ ပြုမူစေတဲ့ အကြောင်းရင်းတွေကရော ဘာတွေများဖြစ်မလဲ?စတာတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကိုယ်တိုင် ကိုယ်ကျ ခံစားအားပေး ကြည့်ရှုကြပါဦးခင်ဗျာ။

0 comments:

Post a Comment