The Road to Mandalay (2016)


 

Rating : 6.8/10
Country : China
Genre : Drama
Cast : Kai Ko, Ke-Xi Wu
Released Date : 2016
Duration : 1h 48min

အညွှန်း
စာအုပ်တစ်အုပ်ကို ကာဗာ ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ဆိုတဲ့စကားတော့ တကယ်လက်ခံသွားပါပြီ ။အမှန်အတိုင်းပြောရရင် JoJo က ဘာသာပြန်နေရင်းနဲ့
ဒီကားကောင်းကို သာမန်ပဲထင်ခဲ့တာပါ ။မင်းသမီးကလည်း သိပ်မချောတော့လေ. ..(ဒါပေမဲ့ Google ခေါက်တော့မှ အထင်နဲ့အမြင်လွဲတာဆိုတာ … )ဒီကားလေးက The Lady ကားကိုထုတ်လုပ်ခဲ့တဲ့ Myanmar Montage Film Production ကပါ ။နိုင်ငံတကာ ဆုပေါင်း (၁၉) ဆု ဇကာတင်စာရင်းဝင်ခဲ့ပြီးအကောင်းဆုံးဇာတ်ကားဆု ၊ ထုတ်လုပ်ရေးဆု၊အမျိုးသားဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ် ။နည်းနည်းတော့ ဖြုံသွားပြီး … အဲ့လောက်တောင်လားပေါ့ ?တကယ် အဲ့လောက်တောင်ပါ …ဇာတ်လမ်းလေးက မြန်မာနိုင်ငံကနေ ထိုင်းဘက်ကိုတရားမဝင်သွားရောက်နေထိုင် အလုပ်လုပ်ကိုင်တဲ့ အကြောင်းလေးပါ ။မင်းသမီးက ရည်မှန်းချက်ကြီးတဲ့သူပါ။ထိုင်းမှာ အလုပ်လုပ်ဖို့က အလုပ်ပါမစ်လိုပါသတဲ့။အဲ့အလုပ်ပါမစ်အတွက် မင်းသမီးက အသေရရ အရှင်ရရ ကြိုးစားပါတော့တယ်။သူ့ရည်မှန်းချက်က ထိုင်းပတ်စပို့ပါယူပြီး ထိုင်ဝမ်ပါသွားမယ်ဆိုပဲ ။သူ့ကောင်လေးကတော့ ရိုးရိုးရှင်းရှင်း ထိုင်းမှာပိုက်ဆံစုမယ်။ပြီးရင် မြန်မာပြည်ပြန်မယ်. . . ဒီလောက်ပါပဲမြန်မာစကားတစ်ခွန်းမှမပြောပါဘူး.. (သရုပ်ဆောင်တွေက ထိုင်ဝမ်ကပါ)ဒါပေမဲ့ မြန်မာမှာဖြစ်ပျက်တဲ့အတိုင်း တစ်ပုံစံတည်းရိုက်ကူးနိုင်ခဲ့ပါတယ် ။နယ်စပ်မှာ ဖြစ်ပျက်နေတဲ့ တရားမဝင်ဝင်ရောက်သူတွေရဲ့ ဇာတ်လမ်းလေးကိုအကွက်ကျကျ ရိုက်ပြသွားတာပါ ။တကယ်ဟတ်ထိပါတယ် ။ဇာတ်လမ်းလေးရဲ့နောက်ဆုံးအပိုင်းတော့JoJo ဘာသာပြန်ရင်း နှစ်ခါတောင်ပြန်ကြည့်လိုက်ရတယ်။အဆုံးသတ်လေးကို ဒါရိုက်တာရိုက်ပြသွားတာ အံ့ဩလွန်းလို့ပါ ။ ။ကဲ အညွှန်းလည်းရှည်သွားပြီ…ကြည့်လို့အဆင်ပြေတဲ့ကားကောင်းလေးတစ်ကားမို့ကြိုက်ကြမယ်လို့ထင်ပါတယ်နော် ။ ။

0 comments:

Post a Comment