Alice in Earnestland (2015)


 

Rating : 6.8/10
Country : Korea
Genre : Comedy, Drama, Thriller
Cast : Jung-hyun Lee, Hae-yeong Lee, Young-hwa Seo
Released Date : 2015
Duration : 1h 27min

အညွှန်း
ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်..ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာအခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး
အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ်စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာအထက်တန်းပဲဆက်တက်ရမလားစက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ်တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာသိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲအကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့်သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ်ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူးခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာမတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာသုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတအလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့်အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ်ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်.တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ..သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ..စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်းသူမဘာတွေကြုံတွေ့လာရမလဲဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ

0 comments:

Post a Comment