နီရှားဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ပါကစ်စတန်မိသားစုကနေမွေးဖွားလာတဲ့သူလေး…
ပါကစ်စတန်လူမျိုးဖြစ်ပေမယ့်လည်း ကြီးပြင်းခဲ့တာကတော့နိုင်ငံရပ်ခြားနော်ဝေးမှာ…
သူမဟာအိမ်မှာမိဘတွေရှေ့မှာတော့ ရိုးရာဓလေ့တွေကိုလိုက်နာတဲ့သူတစ်ယောက်ပေါ့…
ဒါပေမယ့် နာက်ကွယ်မှာတော့ လူငယ်ဆန်ဆန် နိုင်ငံရပ်ခြားကအပေါင်းအသင်းတွေနဲ့ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးနေလေ့ရှိတယ်….တစ်နေ့ကျတော့ ကောင်လေးတစ်ယောက်နဲ့ အိပ်နေတာကို သူမရဲ့ အဖေက တွေ့သွားတယ်…
နော်ဝေးလိုနိုင်ငံမျိုးမှာကောင်လေးတစ်ယောက်နဲအိပ်တာမဆန်းပေမယ့် ပါကစ်စတန်လူမျိုးတို့ဓလေ့ထုံးတမ်းအရ အရမ်းကိုစက်ဆုတ်စရာဖြစ်နေတယ်….သတ်ချင်လောက်အောင်ဒေါသထွက်နေပေမယ့်အဖေဖြစ်သူဟာ ပါကစ်စတန်က အမျိုးတွေထံပြန်ပို့လိုက်တယ်……
ဒီကားက Dramaကားတွေထဲမှာ ရည်ရွယ်ချက်လည်း ကောင်းသလို ပေးချင်တဲ့ message လေးတွေလည်း လှပတဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊မင်းသမီးဆု၊မင်းသားဆုတွေရရှိခဲ့တယ်…..Rating တွေကလည်းအကောင်းဆုံးအနေအထားမှာရှိလို့ Drama ကားကောင်းကြိုက်သူတို့ခံစားကြည့်လိုက်ပါဦးဗျို့…

0 comments:
Post a Comment