Bhairava Geetha (2018)

 


Rating : 4.8/10
Country : India 
Genre :  Drama
Cast :  Archana, Balamani, Balarajwadi 
Released Date : 2018
Duration : 1h 59min 
 


 

အညွှန်း



မဲမဲသဲသဲကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်အတွက်

အိန္ဒိယတောင်ပိုင်း ရုပ်ရှင် ဇာတ်ကားကောင်းလေးကို ချစ်ခြင်းအားဖြင့် တင်ဆက်ပေးလိုက်ပါတယ် ။


ဇာတ်လမ်းကတော့

အရင်ကားတွေလို မသန်း မဟုတ်ပဲ ဒီတစ်ခါ ထူးထူးခြားခြား အချစ် အလွမ်း အကြမ်းနဲ့ လူကြမ်းပေါင်းစုံ ရွာထဲ ရှိတဲ့လူကုန် အားဖြည့်ပြီး သရုပ်ဆောင်တွေရဲ့ စိတ်ခံစားမှုအပြည့် ရေမီးအစုံနဲ့ အပီအပြင် တင်ဆက်ပေးထားတာကို တွေ့ရပါတယ် ။


မျက်ရည်လွယ်သူများ စိတ်နှလုံးနုတတ်သူများ အနေဖြင့်

လက်ကိုင်ပဝါနှင့်တင် မလုံလောက်ပဲ အနည်းဆုံးတော့ စောင်တဘက်လေးတော့ ဆောင်ထားဖို့လိုပါလိမ့်မယ် ။ ဒါမှမဟုတ် မေးစေ့အောက်မှာ ခွက်ခံထားပါ ။


မင်းသားရဲ့သရုပ်ဆောင်ချက်ကတော့ဖြင့်

ယောကျ်ားပီပီသသ မုတ်ဆိတ်ပါးသိုင်းမွေး ထူထူထားပြီး မျက်ရည်ဖြိုင်ဖြိုင်ကျတဲ့ အလွမ်းခန်းတွေမှာ သရုပ်ဆောင်ကောင်းလွန်းလို့ မင်မင်ခမျာ စာစစ်ရင်း တောင်ကျော် မြောက်ကျော် ကျော်ကြည့်ရုံနဲ့ ပုဆိုးမနိုင် ပဝါမနိုင် လိုက်လံဆွေးမြေ့ပြီး မျက်ရည် တောက်တောက် ကျပါတယ် ။


ဇာတ်လမ်းရဲ့ အညွှန်းကတော့ ဒီလောက်ပါပဲ

ကျန်တာတော့ ကြည့်မှပဲ သိမှာမို့ အရုပ်ထင်ချင် အရင်ထုတ်ပြီး ကြည့်လိုက်ပါ ။ ရင်ဘက်ချင်း တူတယ် နှလုံးသားချင်း နီးတယ်ဆိုရင် မင်မင်နဲ့အတူ ပျော်ပျော်ပါးပါး လိုက်ငိုလို့ရတယ် ။ ငိုနေရုံတော့ ဘယ်သူမှ လာတရားမစွဲပါဘူး ။ အော်ဟစ်ပြီးသာ မငိုကြေးပေါ့ဗျာ ။

0 comments:

Post a Comment