Kaatrin Mozhi (2018)


Rating : 7.3/10
Country : India 
Genre :  Comedy, Drama
Cast :  Jyotika, Vidharth, Lakshmi Manchu
Released Date : 2018
Duration : 2h 28min 
 

 

အညွှန်း



အားလုံးအကြိုက်တွေ့မယ့် ဒရာမာဟာသ ကုလားကားကောင်းကောင်းလေးတကားလာပါပြီ……

ဒီကားထဲကမင်းသားမင်းသမီးကြီးက ချစ်စဖွယ်ရုပ်ကလေးရှိပေမယ့် ခပ်ဝဝပုံစံမျိုးဆိုတော့့

ကြည့်လို့အဆင်ပြေမှာမဟုတ်ဘူးထင်ရင်တော့မှားသွားလိမ့်မယ်..ဒီခပ်ဝဝမင်းသမီးကြီးရဲ့ပုံစံကပဲ ဒီဇတ်လမ်းနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့အပြင်အိမ်ထောင်ရှင်မဇာတ်ရုပ်ကိုထပ်လောင်းအသက်ပါစေတဲ့ဟန်ပန်မျိုးဖြစ်နေတယ်…

ဇာတ်လမ်းအကျဉ်းလေးကိုပြောမယ်ဆိုရင်..

အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ Viji တစ်ယောက်ဟာ အခြေခံလူတန်းစားအိမ်ထောင်ရှင်မတစ်ဦးဖြစ်ပေမယ့်

သူမဘဝတိုးတက်အောင်အမြဲလိုလိုကြံဆတွေးတောနေတတ်တဲ့ သူတစ်ယောက်ဖြစ်တယ်…


သူမရဲ့အဖေအစ်မတွေက သူမကိုငယ်ငယ်ကတည်းက စာပေမှာမထူးချွန်ခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး

အမြဲလိုလိုနှိမ်သလိုလိုခနဲ့သလိုလိုပြောဆိုကြတော့ Viji ဟာ တစ်ခုခုကိုလုပ်ပြချင်နေတယ်…

စာပေထူးချွန်တာနဲ့ ဘဝအောင်မြင်မှုဟာ တိုက်ရိုက်အချိုးမကျကြောင်းကို သက်သေပြချင်တယ်… ဒီလိုနဲ့ တစ်နေ့မှာတော့ ရေဒီယိုအစီအစဉ်တစ်ခုပြိုင်ပွဲမှာဝင်ပြိုင်ရင်း ပထမရသွားတယ်…ဒီပထမဆုရတာဟာ သူမအတွက် အခွင့်အလမ်းကောင်းတစ်ခုလိုထင်တဲ့အတွက်သူမရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်…ကိုင်း Viji တစ်ယောက် ဘယ်လိုတွေရှေ့ဆက်မလဲ…သူမ ဒီ့ထက်ပိုအောင်မြင်မလား…ဟာသလေးတွေနှောပြီး ဘဝနေနည်းလေးတွေကို ပညာသားပါပါပြသွားတဲ့ကုလားကားကောငး်လေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့…


 

0 comments:

Post a Comment