War (2007)


 

Rating : 6.0/10
Country : China
Genre : Action, Thriller
Cast : Jet Li, Jason Statham, Nadine Velazquez 
Released Date : 2007
Duration : 1h 43min

အညွှန်း
ဒီကားကတော့ 2007ကထွက်ရှိတဲ့ Action, Thriller အမျိုးအစားဖြစ်ပြီး IMDb rating 6.2/10အထိရရှိထားပါတယ်။ မင်းသားကြီး Jason Stathamနဲ့ Jet Liတို့တွေ ပါဝင်သရုပ်ဆောင်ထားတာဆိုတော့ အက်ရှင်ခန်းကောင်းကောင်းတွေကို အဝကြည့်ရမှာပါ။

တွမ်လုံးနဲ့ခရောဖို့တို့က FBIမှာလုပ်တဲ့ အထူးအေးဂျင့်တွေပါ။ သူတို့တွေက ဂျပန်ယာကူဇာတွေနဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ကြားမှာဖြစ်နေတဲ့ ပြဿနာတွေမှာ ဝင်ပါမိပြီး ယာကူဇာအဖွဲ့က ရော့ဂ်ဆိုတဲ့ လူသတ်သမားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တစ်နေ့မှာ တွဲဖက်ဖြစ်သူတွမ်လုံးရဲ့ မိသားစုတစ်စုလုံးက ရော့ဂ်ဆိုတဲ့လူသတ်သမားကြောင့် သေဆုံးသွားခဲ့လို့ ခရော့ဖို့တစ်ယောက် ရော့ဂ်ကိုလက်စားချေဖို့ အသဲအသန်လိုက်ရှာပါတယ်။ ဒါပေမဲ့ရော့ဂ်က ဒုစရိုက်အဖွဲ့ကြီးနှစ်ခုနဲ့ ပက်သက်နေပြီး ဘယ်ဘက်ကလူလဲဆိုတာကို ဝေခွဲမရဖြစ်နေခဲ့ပါတယ်။

သူစုံစမ်းရင်းနဲ့ ယာကူဇာတို့ကြားကရန်ငြှိုးတွေ၊ မိသားစုသွေးကြွေးတွေကြား ဝင်ပါမိပြီး နောက်ဆုံးမှာတော့ ရော့ဂ်ကိုလက်စားချေနိုင်ပါ့မလား။ ရော့ဂ်ဆိုတာက ဘယ်လိုလူမျိုးဖြစ်နေမလဲ။ ဘယ်လိုလှည့်ကွက်တွေပါနေမလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။

0 comments:

Post a Comment