Rating : 6.3/10
Country : Japan
Genre : Action, Romance
Cast : Hiroko Yakushimaru, Tsunehiko Watase, Rentarô Mikuni
Released Date : 1981
Duration : 2h 11min
Country : Japan
Genre : Action, Romance
Cast : Hiroko Yakushimaru, Tsunehiko Watase, Rentarô Mikuni
Released Date : 1981
Duration : 2h 11min
အညွှန်း
ဒီကားကတော့ ဂျပန်ကနာမည်ကြီး ယာကူဇာဂိုဏ်းတစ်ခုမှာ အထက်တန်းကျောင်းသူတစ်ယောက်က ခေါင်းဆောင်ဖြစ်သွားတဲ့အခါ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ဂျပန်ရုပ်ရှင်ကားလေးပါ။ သူ့ခေတ်နဲ့သူကတော့ လူကြိုက်များပြီး Japanese Academyဆုပေးပွဲမှာ Most Popular Filmအပါအဝင် ဆုသုံးဆုအထိရရှိထားပါတယ်။
ဇာတ်လမ်းလေးကတော့ အစ်ဇူမီဆိုတဲ့ ကျောင်းသူလေးဟာ သူ့အဖေသေဆုံးသွားချိန်မှာ တစ်ယောက်တည်းကျန်ခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ဆန်ဆန်ပဲ ယာကူဇာဂိုဏ်းလေးတစ်ခုက သူတို့ရဲ့ဆက်ခံသူနဲ့ အစ်ဇူမီကအမျိုးတော်စပ်တယ်ဆိုပြီး ခေါင်းဆောင်လုပ်ဖို့ ခေါ်သွားပါတယ်။
ဇာတ်လမ်းလေးကတော့ အစ်ဇူမီကြုံရတဲ့အခက်အခဲတွေနဲ့ သူ့အဖေသေဆုံးမှုက မူးယစ်ဆေးမှောင်ခိုရောင်းမှုတွေနဲ့ ပက်သက်နေလို့ ပျောက်နေတဲ့မူးယစ်ဆေးကို လိုက်ရှာရတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အထက်တန်းကျောင်းသူ မိန်းကလေးတစ်ယောက်က လူနည်းနည်းပဲကျန်တဲ့ ဂိုဏ်းငယ်လေးကို ဦးစီးပြီးတော့ ယာကူဇာလောကထဲရောက်သွားပုံကို ဒီကားမှာတွေ့ရမှာပါ။
ဒီကားထဲက မင်းသမီးဖြစ်သူအစ်ဇူမီရဲ့ အားနွဲ့တဲ့မိန်းမသားပုံစံ၊ စိတ်မြန်လက်မြန်လူငယ်ပုံစံ၊ ပြတ်သားတဲ့ခေါင်းဆောင်ပုံစံ၊ ရင့်ကျက်တဲ့မိန်းမပုံစံ စသည်ဖြင့် ပုံစံအမျိုးမျိုးကို သရုပ်ဆောင်ပြသွားတာကို လက်ရှိခေတ်ကိုခဏမေ့ပြီးတော့ ခေတ်ဟောင်းထဲမှာရှုစားရမှာဖြစ်ပါတယ်။

0 comments:
Post a Comment