Viswasam (2019)


Rating : 6.7/10
Country : India 
Genre :   Action, Drama 
Cast : Ajith Kumar, Nayanthara, Sakshi Agarwal
Released Date : 2019
Duration : 2h 33min
 


 

အညွှန်း



ကဲ ၂၀၁၉ ထွက် ဆက်ဝဲပြီ ဗျာ …


မကြာသေးမှီကရုံတင်ပြသသွားသော ဇာတ်လမ်းကောင်း ဇာတ်ကားသစ် ကြီး။


ရှင်းရှင်းပဲပြောမယ် မိတ်ဆွေ ခေါင်းစားသက် သာအောင်လို့ မကောင်းရင်ငွေပြန်အမ်းမယ်ဆိုပြီး အဲ့လောက်ထိအာမခံလို့ရ တဲ့ ကျွန်တော်အကြိုက်တွေ့မိတဲ့ဇာတ်ကားတစ်ကားပါပဲ လာပြီ …..


ဒီကားလေးကတော့ တောလူမိုက်ကြီးတစ်ယောက်ရဲ့ချစ်ပုံပြင်လေးပေါ့ ။ တောလူမိုက်ကြီးက သူဌေးသမီးလေးတစ်ယောက်ကိုချစ်မိသွားတာပေါ့ဗျာ ။ ကျွန်တော်တို့ရဲ့ ကိုပေါနဲ့မတူတာကတော့ သူဌေးသမီးလေးကလည်း သူ့မေတ္တာကို တုံ့ပြန်ခဲ့တာပေါ့ ။


တစ်နေ့တော့ နိုင်ငံခြားမှာ ပရောဂျက်တစ်ခုလုပ်ဖို့ ခေါ်စာရောက်လာတယ် ။ သူတို့နှစ်ယောက်ရခဲ့တဲ့ ကလေးလေးကိုတော့ ကျွန်တော်တို့ရဲ့လူမိုက်ကြီး Ajith Kumar နဲ့အတူ ရွာမှာပဲထားခဲ့တာပေါ့ ။ အလုပ်တွေပြီးသွားတဲ့အချိန်မှာ သမီးလေးကိုတွေ့ဖို့အတွက် ရွာကိုပြန်လာခဲ့တာပေါ့ ။ အဲ့ဒီနေ့မှာ လူမိုက်ကြီးက သူ့သမီးလေးကိုခေါ်လာပြီး အမေ့ကိုသွားကြိုဖို့အတွက်ရထားဘူတာကိုထွက်လာခဲ့တာပေါ့ ။ ဒါပေမယ့် လူမိုက်ကြီးရဲ့ ရန်ဘက်တွေက သူသွားမယ့်လမ်းကို ပိတ်ပြီးတော့ လုပ်ကြံခဲ့ကြတယ် ။ သားအဖနှစ်ယောက်လုံးဘာမှမဖြစ်ခဲ့ပေမယ့်လည်း သမီးလေးရဲ့အမေဆီရောက်တဲ့အချိန်မှာ သွေးတွေပေကျံနေတဲ့ သူ့ကိုမြင်တော့ သူ့သမီးကို အဖေ့လက်ထဲမှာဆက်ထားဖို့စိတ်မချတော့ဘူးပေါ ့။ ဒါနဲ့ သမီးလေးကို သူဆီမှာပဲထားတော့မယ်ဆိုပြီးတော့ လူမိုက်ကြီးနဲ့အဆက်အသွယ်ဖြတ် ၊ သမီးလေးကို ခေါ်ပြီး မြို့ကိုပြန်လာခဲ့တာပေါ့ ။ တကယ်လို့သူတို့သားအမိကိုလိုက်ရှာရင် ကလေးမှာ အမေမရှိဖြစ်သွားရမယ်ဆိုပြီး လူမိုက်ကြီးကိုခြိမ်းခြောက်ခဲ့တာပေါ့လေ ။ အချိန်တွေကြာလာခဲ့အခါလူမိုက်ကြီးလည်း သူ့သမီးကိုလွမ်းတာနဲ့ မြို့တက်ပြီး သမီးလေးကို လိုက်ရှာခဲ့တာပေါ့ ။ သမီးလေးကိုတွေ့ချင်ပေမယ့်လည်း သူပေးထားခဲ့တဲ့ ကတိကိုစောင့်ထိန်းရမှာဖြစ်တဲ့အတွက် သမီးလေးအနားကိုကပ်မရဖြစ်နေတာပေါ့ ။ ပြီးတော့ သူ့သမီးလေးကို အဝေးကစောင့်ကြည့်နေရင်း သူ့သမီးကို သတ်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ရှိတယ်ဆိုတာ သူသိလာတယ် ။


ဒီတော့ လူမိုက်ကြီးတစ်ယောက် သူ့သမီးအနားကိုဘယ်လိုသွားမလဲ ။သူ့သမီးကိုသတ်ဖို့ကြိုးစားနေတဲ့သူကရောဘယ်သူလဲ ။ ကလေးတစ်ယောက်ကို သတ်ချင်ရလောက်အောင် ဒီကလေးကဘာများအမှားလုပ်မိခဲ့လို့လဲ ။ ဒရမ်မာ အက်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် တိုက်ခိုက်ခိုက်ခန်းတွေနဲ့ မေတ္တာခန်းဖွင့်တာတွေကို ရှုစားကြရမှာပါ ။


အဖေတစ်ယောက်က သမီးတစ်ယောက်ကို ဘယ်လောက်ချစ်သလဲဆိုတာကိုလည်း ကျွန်တော်တို့ရဲ့ရမ်ဘိုကြီး Ajith Kumar က ကွက်ကွက်ကွင်းကွင်းမြင်သာအောင်သရုပ်ဆောင်ပြထားပါတယ် ။ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်း ၊ ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်တွေကို ရှင်းရှင်းလင်းလင်းရိုက်ပြထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ဗျား……

 

0 comments:

Post a Comment